ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆုမတ်လကုန် နောက်ဆုံးလျှောက်ထားရမည်
ပညာထူးချွန်ပြီး ငွေကြေးချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆု အစီအစဉ်ကိုမတ်လကုန်နောက်ဆုံးထား၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း၊ ၇၇×၇၈ လမ်းကြားသို့ပေးပို့လျှောက်ထားနိုင်သည်။
ဆေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (B.Tech)၊ ကွန်ပျူတာတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် တိုင်းရင်းသားဆေးတက္ကသိုလ်တက်ရောက်မည့်သူများ လျှောက် ထားနိုင်မည်ဖြစ်သည်။
မိဘမစုံလင်သူများ၊ လစာနည်းဝန်ထမ်းသားသမီးများနှင့် ငွေကြေးချို့တဲ့သူများအား ရွေးချယ်ပေးအပ် မည့် အစီအစဉ်အတွက် သက်ဆိုင်ရာတက္ကသိုလ်များတွင် လျှောက်လွှာပုံစံများ စုံစမ်းရယူနိုင်မည်ဖြစ် သည်။
ပညာသင်ဆုရွေးချယ်ခံရပါက သက်ဆိုင်ရာတက္ကသိုလ်အလိုက် လစဉ်ထောက်ပံ့ကြေးအနေဖြင့် တစ်နှစ်လျှင်ကျပ်ဆယ်သိန်းမှ နှစ်ဆယ့်လေးသိန်းအထိ ရရှိနိုင်မည်ဖြစ်ပြီး ပညာသင်ဆုလျှောက်ထားရ ခြင်းအကြောင်းအရာကို ကိုယ်တိုင်ရေးသားဖော်ပြရမည်ဖြစ်သည်။
မန္တလေးဦးတင်မောင်တက္ကသိုလ်ပညာသင်ဆုကို ၂၀၀၅ ခုနှစ်မှစတင်၍ လူမျိုးဘာသာမရွေး ထောက်ပံ့ ချီးမြှင့်ခဲ့ပြီး အထက်ပါတက္ကသိုလ်များမှ ကျောင်းသား ၉၀၃ ဦးအားဘွဲ့ရသည်အထိ ထောက်ပံ့ပေးခဲ့ သည်။
7Day News Journal
Vol.12, No.51, Feb.26, 2014

- (အရှေ့သို့) လူငယ်တွေကို ချစ်သည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား တက္ကသိုလ်သုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးမည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'