လာမည့်နှစ်များတွင် အွန်လိုင်းပညာရေး ပိုမိုထွန်းကားလာရန် မျှော်လင့်
အတွဲ (၁၅)၊ အမှတ် (၁၁)

မြန်မာနိုင်ငံတွင် အွန်လိုင်းပညာရေး ထွန်းကားလာမည်ဟု ယုံကြည်ကြောင်း အွန်လိုင်းပညာရှင်များနှင့် ပညာရေးအေဂျင်စီများမှ သုံးသပ်ပြောကြား ချက်များအရ သိရှိရသည်။ အွန်လိုင်းမှ ပညာသင်ကြားနိုင်မှုသည် ကမ္ဘာတွင် ပိုမိုထွန်းကားလျက်ရှိပြီး ဘွဲ့သင်တန်းများ၊ ဘွဲ့လွန်သင်တန်းများကို အွန်လိုင်းမှ သင်ကြားပြီး ဘွဲ့တံဆိပ်များ၊ သင်တန်းဆင်း လက်မှတ်များနှင့် အတတ်ပညာများကို ရယူနိုင်နေပြီဖြစ်သည်။ အင်တာနက် ထွန်းကားလာသည်နှင့် နည်းတူအစိုးရ ပညာရေးလောကတွင်လည်း အွန်လိုင်းမှ အဝေးသင်ပညာရေးကိုလည်း စတင်အကောင်အထည် ဖော်နေပြီး တက်ရောက်နေသူများပင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထိုကြောင့်လာမည့် အနာဂတ်နှစ်များတွင် အွန်လိုင်းမှ ပညာသင်ကြားနိုင်မှုသည် ပိုမိုထွန်းကားလာနိုင်ကြောင်းကို ပညာရှင်များက သုံးသပ်ထားကြခြင်းဖြစ်သည်။
“ဒီလိုထွန်းကားလာမှလည်း ပညာရေးကဏ္ဍမှာ ပြောင်းလဲမှုတွေက မြန်မြန်ဆန်ဆန်ဖြစ်လာမှာ။ အွန်လိုင်းပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း Oxford ကနေလုပ်ထားတဲ့ သုတေသနတွေကလည်း ရှိတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ အွန်လိုင်းကနေ Master ဘွဲ့ယူသွားတာနဲ့ စာသင်ခန်းထဲမှာ Master ဘွဲ့ရယူသွားတဲ့နှစ်ခုရဲ့ ပညာရေး Quality ကိုဘယ်ဟာက ပိုကောင်းတယ်ဆိုတဲ့ သုတေသနအဖြေကို သွားကြည့်တဲ့အခါကျတော့ နှစ်ခုစလုံးက အတူတူပဲဆိုတာကို သွားတွေ့တယ်။ နောက်ထပ် အဖြေအနေနဲ့ကတော့ အွန်လိုင်းကိုလည်းသုံးမယ်၊ စာသင်ခန်းကိုလည်း သုံးမယ်ဆိုရင် ပိုကောင်းတယ်ဆိုတာကိုလည်း သွားတွေ့ရတယ်” ဟု Jupiter Online Education မှ ကိုအောင်ကျော်မျိုးက ပြောကြားသည်။
အွန်လိုင်းပညာရေး ထွန်းကားရန်အတွက် ပညာရေးဝက်ဘ်ဆိုက်များ ထူထောင်နိုင်သော အဖွဲ့အစည်းအများအပြား လိုအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တက္ကသိုလ်ဝင် တန်းကျောင်း သား၊ ကျောင်းသူ များအတွက် ကျောင်းသင်ခန်းစာများ ကလည်း ပြန်လည်လေ့ကျင့်နိုင်ရန် အတွက် ပြည်တွင်းဝက်ဘ်ဆိုက်များလည်း ပေါ်ထွက်နေပြီဖြစ်သည့်အပြင် ပြည်ပပညာရေး လေ့လာလိုသူများအတွက်လည်း ပြည်တွင်း၌ နိုင်ငံတကာအသိအမှတ်ပြု ကျောင်းများဖွင့်လှစ်လျက်ရှိပြီး အဆိုပါကျောင်းများမှ တစ်ဆင့်လည်း အွန်လိုင်းမှတစ်ဆင့် သင်ကြားမှုများကို လည်း ပြုလုပ်ရမည်ဖြစ် သည်။ ပြည်ပတက္ကသိုလ်များတွင်လည်း အွန်လိုင်းပညာရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိနေပြီး သင်ကြားမှုတိုင်းတွင်လည်း ပါဝင်နေကြောင်း သိရသည်။
“ ပြည်ပမှာ ပညာသွားသင်မယ်ဆိုရင် ဒီအွန်လိုင်းပညာရေးစနစ်က ရင်းနှီးကျွမ်းဝင်မှကိုရမှာ အဲဒါကအဓိကလိုဖြစ်နေတယ်။ ပြည်ပမှာ ပညာသွားသင်မယ်ဆိုရင်လည်း ဒါတွေကမဖြစ်မနေ ကြုံဆုံရမယ့် သင်ကြားမှုအခြေအနေတွေပါ” ဟု မလေးရှား ပညာရေးအေဂျင်စီ Jenko မှဒေါ်နီမြစီကပြောသည်။
အွန်လိုင်းပညာရေး ထွန်းကားလာပါကလည်း ပြည်တွင်းရှိကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ အလုပ်ခွင်တစ်ဖက်နှင့် အချိန်မပေးနိုင်သော ပညာရှာမှီးလိုသူ များအတွက်လည်း အဆင်ပြေစေနိုင်မှာဖြစ်သလို နေရာဒေသကွာဟချက်ကိုလည်း အတတ်နိုင်ဆုံး ကျဉ်းမြောင်းပစ်နိုင်မှာဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
“အချိန်ကုန်သက်သာပြီး အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ ပညာသင်ယူခွင့်လည်း ရှိလာတာပေါ့။ နောက်တစ်ခုက အလုပ်တစ်ဖက်နဲ့ ပညာသင်ယူလိုသူတွေ အတွက်လည်း ပိုပြီးအဆင်ပြေစေတယ်။ တချို့တွေဆို ဝါသနာပါတဲ့ပညာရပ်ကို အသက်အရွယ်အရဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲ ရောက်နေလို့ပဲဖြစ်ဖြစ် ကျောင်းကိုသွားမတက်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေ အတွက်အွန်လိုင်းကနေ ပညာသင်ယူလို့ရတာက အဆင်ပြေပါတယ်။ ပိုပြီးသိသိသာသာ အဆင်ပြေလာမယ့် အချက်ကနယ်ဒေသတွေမှာ နေထိုင်သူတွေအတွက်ပါ။ သူတို့မှာက သင်ကြားလိုတဲ့ ပညာရပ်တစ်ခုခုရှိပေမယ့် ကျောင်း၊ သင်တန်းစတာတွေက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အဓိကအခြေစိုက် ဖွင့်ထားကြတာဆိုတော့ သူတို့အတွက် တကူးတကဖြစ်ပြီး လာတက်ဖို့ခက်ခဲပါတယ်။ တကယ်လို့ အွန်လိုင်းပညာရေး ထွန်းကားလာပြီဆိုရင် နေရာဒေသမရွေး အင်တာနက်ရှိရင် သင်ယူလို့ရပြီဆိုတော့ နယ်ဒေသကလူတွေအတွက် ဒီအချက်လေးက တော်တော်လေး အဆင်ပြေစေမှာပါ။ အွန်လိုင်းပညာရေးရဲ့ အကျိုးကျေးဇူးတွေကတော့ ပြောရရင်အများကြီး ရှိဦးမှာပါ” ဟု Online Executive Editor ကိုကျော်ခိုင်ဦးက ပြောသည်။
အဓိကအချက်အနေဖြင့် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော အင်တာနက်ကွန်ရက်ကအာမခံချက် အပြည့်နဲ့ကောင်းမွန် နေမယ်ဆိုရင် အွန်လိုင်းပညာရေးကလည်း သေချာပေါက် ထွန်းကားလာဦးမှာဟု ၎င်းကထပ်မံ သုံးသပ်ပြောကြားခဲ့သည်။
မကြာမီ အချိန်များအတွင်းတွင် အွန်လိုင်းပညာရေးစနစ် တိုးတက်ဖွံ့ဖြိုးလာနိုင်ပြီး ထိုကဲ့သို့ ဖွံ့ဖြိုးလာမှသာ ပညာရေးစနစ်သည် မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာနိုင်မည်ဟု မျှော်လင့်မိသည်။
သန္တာ
အင်တာနက်ဂျာနယ်

- (အရှေ့သို့) ယူကေရှိ တက္ကသိုလ်များ၏ Foundation Program တက်ရောက်မည့် သူများအတွက် ပညာသင်ဆုပေး အပ်မည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Raspberry Pi နည်းပညာဖြင့် တည်ဆောက်ထားသည့် Data Center နှင့် Local Server များကို မကြာမီ အသုံးပြုနိုင်မည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'