သွေးစုပ်ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား ?
အသက် (၁၆) နှစ်အရွယ် တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်မှာ သွေးစုပ်ဖုတ်ကောင် တွေရဲ့ အစွယ်ပုံစံလေး ပေါက်လာခဲ့ပါတယ်...၊ ချက်ချင်းဆိုသလိုပဲ အမေဖြစ်သူက ဆရာဝန်ဆီကို ခေါ်သွားပြခဲ့ပါ တယ်..။

ဒီကလေးရဲ့ပုံစံဟာ အခုဆို မွေးစက ပုံစံနဲ့အတော့ကို ကွာနေပါပြီ..။ မွေးမွေးချင်းမှာပဲ.၊ အမေ ဖြစ်သူက ကလေးရဲ့ ကိုယ်ပေါ်က အမွှေးအမျှင်တွေကို သတိထားမိခဲ့ပါတယ်..။ ဒါကို သတိမထားခဲ့ပဲ အချိန်တန် ရင် ပျောက်သွားမှာပဲလို့ တွေးထားခဲ့ပါတယ်..။ လအနည်းငယ် ကြာတဲ့အခါမှာတော့..၊ သူမအတွက် တုန် လှုပ်ခြောက်ခြားစရာ နောက်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်..။ အဲ့ဒါကတော့ ကလေးရဲ့ သွားတွေ ဖြစ်ပြီး... သွားလို့ခေါ်ရမလား အစွယ်လို့ ခေါ်ရမလားတောင် မသိတော့ပါဘူး..။

ဆရာဝန်ကတော့ ကလေးဟာ ငယ်သေးတဲ့အတွက် အခုချိန်မှာ ခွဲစိတ်မှုပြုလုပ်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ အသက် ၁၈ နှစ်ကျော်မှသာ ခွဲစိတ်မှုကို စဉ်းစားနိုင်မှာဖြစ်ပြီး ခန့်မှန်းအနေနဲ့တော့ ပေါင် ၇၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်..။

Other Cases Of Vampire Boys?

Meet Simon နဲ့ George Cullen ဆိုတဲ့ United Kingdom က ကလေးနှစ်ယောက်ကိုတော့ သရဲညီ အစ်ကိုလို့ လူသိများကြပါတယ်..။ သူတို့နှစ်ယောက်က တစ်ကယ့် သွေးစုပ်ဖုတ်ကောင်လား လူလား ဆိုတာကိုတော့ သူတို့ပတ်ဝန်းကျင်ကြားမှာ အခုထိ အငြင်းပွားစရာ တစ်ခုအနေနဲ့ရှိနေဆဲပါ..။

ဒီကောင်လေးနှစ်ယောက်ဟာ နေရောင်နဲ့ထိလို့မရပါဘူး..၊ သူတို့ထဲက အစ်ကိုဖြစ်သူကတော့ ခုနက တရုတ်ကောင်လေးရဲ့ သွားဖြစ်သလို အစွယ်ပုံစံဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ပုံမှန်ပါပဲ..။ သူတို့ ဟာ Hypohidortic Ectodermal Dysplasia လို့ခေါ်တဲ့ ရောဂါခံစားနေရတယ်လို့ ယေဘုယျ ကောက် ချက်ချထားကြပါတယ်..။

သူတို့ဟာ ချွေးလည်း မထွက်တာကြောင့်.၊ အားကစားလည်း မလုပ်ရပါဘူး.၊ ဒါကြောင့် သူတို့ရဲ့ ဘ၀ကို အိမ်ထဲမှာသာ ဂိမ်းတွေဆော့၊ ဗွီဒီယိုတွေကြည့်ရင်း ကုန်ဆုံးနေရပါတယ်..။ သူတို့ဟာ တစ်ကယ်ပဲ သွေးစုတ်ဖုတ်ကောင်တွေလား ဆိုတာကိုတော့................
အောင်ထွန်းဦး