3D Printer ဖြင့် လူရဲ့ အင်္ဂါအစိတ်အပိုင်းများ ထုတ်လုပ်နိုင်တော့မည်

Photo: 3D Printer ဖြင့် လူရဲ့ အင်္ဂါအစိတ်အပိုင်းများ ထုတ်လုပ်နိုင်တော့မည် 
================================================

လူရဲ့ နားကအစ သွေးကြော အထိပါ 3D Printer တွေက ထုတ်လုပ်ပေးနိုင်နေပါပြီ။ အခုတစ်ခုမှာတော့ အမေရိကန်ရှိ သိပ္ပံပညာရှင် တွေက လူရဲ့ နှလုံးကို 3D Printer ဖြင့် ထုတ်လုပ်ဖို့ ကြိုးစားနေပါပြီ။ နှလုံးဝေဒနာရှင်ရဲ့ Cellတွကေနေ 3D Printer ဖြင့် နှလုံးအသစ် တစ်ခုကို ဖန်တီးပြီး ဝေဒနာရှင်မှာ လဲလှယ်ပေးမှာဖြစ်ပါတယ်။
3D Printerဖြင့် နှလုံးထုတ်လုပ်ဖို့ နှစ်အနည်းငယ်ကြာနိုင်ပြီး ဆယ်စုနှစ်တစ်ခုတောင် ကြာအုံးမှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ သွေးကြောတွေ၊ နားတွေကို 3D Printerဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ Kentucky မှ Louisville တက္ကသိုလ်က နှလုံးသွေးကြောများကို 3D Printer ဖြင့်ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ Cell Biologist ဖြစ်သူ Stuart  Williamsက ပြောပါတယ်။

သူတို့ဟာ ကြွက်တွေနဲ့ အခြား တိရစ္ဆာန် အငယ်လေးများရဲ့သွေးကြောတွေကို အောင်မြင်စွာ လဲလှယ် စမ်းသပ်ပြီးဖြစ်ပါတယ်။ Professor Williams က သုံးနှစ်နဲ့ ငါးနှစ် အတွင်းမှာ နှလုံးတစ်ခုလုံးကို ထုတ်လုပ်နိုင်မယ်လို့ယုံကြည်နေပါတယ်။

အောင်မြင်စွာ ထုတ်လုပ်နိုင်တဲ့ နှလုံးကို Bioficial Heart လို့ ခေါ်တွင်မှာဖြစ်ပြီး သဘာဝနဲ့ အတုအယောင်ကို ပေါင်းစပ်ထားလို့ ဖြစ်ပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှုက Cell တွေဟာ သာမာန်နှလုံးမှာ အလုပ်လုပ်သလို တူညီစွာ အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ Professor  Williams က ပြောပါတယ်။ Williams ဟာ Cardiovascular Innovation မှာ စီမံကိန်းကို ဦးဆောင်နေသူဖြစ်ပြီး အဲဒီ တက္ကသိုလ်ဟာ Louisville ရှိ Jewish နဲ့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

ဝေဒနာရှင်ရဲ့ Cell တွေကနေ ထုတ်လုပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ လှူဒါန်းတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဒါမှမဟုတ် နှလုံး အတုတွေမှာလို  ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ် က ငြင်းဆန်တဲ့ ပြဿနာတွေကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြင်းဆန်မှုကို ခုခံပေးမယ့် Anti-Rejection ဆေးဝါးတွေကို အသုံးပြုရမှုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

စီမံကိန်းအတိုင်းသာ အောင်မြင်မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ 3D Printerနဲ့ ထုတ်လုပ်တဲ့နှလုံးတွကေို ဝေဒနာရှင်တွေမှာ လဲလှယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ပထမဆုံးကုသပေးမယ့် ဝေဒနာရှင်များမှာ နှလုံးအတုထည့်သွင်းဖို့ အလွန်သေးငယ်တဲ့ ရင်အုပ်ရှိတဲ့ ကလေးငယ်များနဲ့ နှလုံးအတု ထည့်သွင်းလို့ မရတဲ့ နှလုံးရောဂါဝေဒနာရှင်များ ဖြစ်ပါတယ်။

ကွန်ပြူတာကနေ နှလုံးကို ပုံဖော်ရမှာဖြစ်ပြီး 3D Printer တွေကနေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Cell တွေကိုလည်း  Printer ထဲမှာ သန့်စင်ဆေးကြောမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ နှလုံးရဲ့ အစိတ်အပိုင်းတွေကိုပဲ ထုတ်လုပ်ဖို့ အာရုံစိုက်ထားပေမယ့် အနာဂတ်မှာတော့ နှလုံးတစ်ခုလုံးကို သုံးနာရီအတွင်းမှာ ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ Professor Williams က ပြောပါတယ်။

3D Printer တွေဟာ လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို  ထုတ်လုပ်နိုင်တဲ့အပြင် အစားအစာ၊ စားပွဲခုံ၊ ဦးခေါင်းခွံ၊ မီးအိမ်၊ အရုပ် စတာတွကေို ထုတ်လုပ်ပေးနိုင်ပါတယ်။ အိမ်တစ်လုံးကို တစ်ရက်အတွင်းမှာ အပြီးတည်ဆောက်ပေးနိုင်တဲ့ 3D Printer တွေကိုလည်း တီထွင်နေကြပါတယ်။  

သူရ

လူရဲ့ နားကအစ သွေးကြော အထိပါ 3D Printer တွေက ထုတ်လုပ်ပေးနိုင်နေပါပြီ။ အခုတစ်ခုမှာတော့ အမေရိကန်ရှိ သိပ္ပံပညာရှင် တွေက လူရဲ့ နှလုံးကို 3D Printer ဖြင့် ထုတ်လုပ်ဖို့ ကြိုးစားနေပါပြီ။ နှလုံးဝေ ဒနာရှင်ရဲ့ Cellတွကေနေ 3D Printer ဖြင့် နှလုံးအသစ် တစ်ခုကို ဖန်တီးပြီး ဝေဒနာရှင်မှာ လဲလှယ်ပေး မှာဖြစ်ပါတယ်။ 3D Printerဖြင့် နှလုံးထုတ်လုပ်ဖို့ နှစ်အနည်းငယ်ကြာနိုင်ပြီး ဆယ်စုနှစ်တစ်ခုတောင် ကြာအုံးမှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ သွေးကြောတွေ၊ နားတွေကို 3D Printerဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ Kentucky မှ Louisville တက္ကသိုလ်က နှလုံးသွေးကြောများကို 3D Printer ဖြင့်ထုတ်လုပ်နိုင်ပြီဖြစ် တယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ Cell Biologist ဖြစ်သူ Stuart Williamsက ပြောပါတယ်။

သူတို့ဟာ ကြွက်တွေနဲ့ အခြား တိရစ္ဆာန် အငယ်လေးများရဲ့သွေးကြောတွေကို အောင်မြင်စွာ လဲလှယ် စမ်းသပ်ပြီးဖြစ်ပါတယ်။ Professor Williams က သုံးနှစ်နဲ့ ငါးနှစ် အတွင်းမှာ နှလုံးတစ်ခုလုံးကို ထုတ် လုပ်နိုင်မယ်လို့ယုံကြည်နေပါတယ်။

အောင်မြင်စွာ ထုတ်လုပ်နိုင်တဲ့ နှလုံးကို Bioficial Heart လို့ ခေါ်တွင်မှာဖြစ်ပြီး သဘာဝနဲ့ အတု အယောင်ကို ပေါင်းစပ်ထားလို့ ဖြစ်ပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှုက Cell တွေဟာ သာမာန်နှလုံးမှာ အလုပ်လုပ်သလို တူညီစွာ အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ Professor Williams က ပြောပါတယ်။ Williams ဟာ Cardiovascular Innovation မှာ စီမံကိန်းကို ဦးဆောင်နေသူဖြစ်ပြီး အဲဒီ တက္ကသိုလ်ဟာ Louisville ရှိ Jewish နဲ့ ပူးပေါင်းလုပ်ကိုင်နေ တာဖြစ်ပါတယ်။

ဝေဒနာရှင်ရဲ့ Cell တွေကနေ ထုတ်လုပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ လှူဒါန်းတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဒါမှမဟုတ် နှလုံး အတုတွေမှာလို ဝေဒနာရှင်ရဲ့ ခန္ဓာကိုယ် က ငြင်းဆန်တဲ့ ပြဿနာတွေကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြင်းဆန်မှုကို ခုခံပေးမယ့် Anti-Rejection ဆေးဝါးတွေကို အသုံးပြုရမှုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

စီမံကိန်းအတိုင်းသာ အောင်မြင်မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ 3D Printerနဲ့ ထုတ်လုပ်တဲ့နှလုံးတွကေို ဝေဒနာရှင်တွေမှာ လဲလှယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ပထမဆုံးကုသပေးမယ့် ဝေဒနာရှင်များမှာ နှလုံးအတုထည့်သွင်းဖို့ အလွန်သေးငယ်တဲ့ ရင်အုပ်ရှိတဲ့ ကလေးငယ်များနဲ့ နှလုံးအတု ထည့်သွင်းလို့ မရတဲ့ နှလုံးရောဂါဝေဒနာရှင်များ ဖြစ်ပါတယ်။

ကွန်ပြူတာကနေ နှလုံးကို ပုံဖော်ရမှာဖြစ်ပြီး 3D Printer တွေကနေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Cell တွေကိုလည်း Printer ထဲမှာ သန့်စင်ဆေးကြောမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ နှလုံးရဲ့ အစိတ်အပိုင်းတွေကိုပဲ ထုတ်လုပ်ဖို့ အာရုံစိုက်ထားပေမယ့် အနာဂတ်မှာတော့ နှလုံးတစ်ခုလုံးကို သုံးနာရီအတွင်းမှာ ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ Professor Williams က ပြောပါတယ်။

3D Printer တွေဟာ လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်တဲ့အပြင် အစားအစာ၊ စားပွဲခုံ၊ ဦးခေါင်းခွံ၊ မီးအိမ်၊ အရုပ် စတာတွကေို ထုတ်လုပ်ပေးနိုင်ပါတယ်။ အိမ်တစ်လုံးကို တစ်ရက်အတွင်းမှာ အပြီးတည်ဆောက်ပေးနိုင်တဲ့ 3D Printer တွေကိုလည်း တီထွင်နေကြပါတယ်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...