SoftBank က လူရဲ့ စိတ်ခံစားမှုကို သိရှိတဲ့ စက်ရုပ်ကို ပြသ

Photo: SoftBank က လူရဲ့ စိတ်ခံစားမှုကို သိရှိတဲ့ စက်ရုပ် ကို ပြသ
==========================================

ဂျပန် နည်းပညာ ကုမ္ပဏီ SoftBank ရဲ့ CEO ဖြစ်သူ Masayoshi Son က လူတူစက်ရုပ် ကို တိုကျိုမြို့ မှာ ပြသလိုက်ပါတယ်။ စက်ရုပ် ကို Pepper လို့ အမည်ပေးထားပြီး ကလေးထိန်းကျောင်းနိုင်တာကအစ စတိုးဆိုင်များမှာ အလုပ်လုပ်ပေးနိုင်ပါတယ်။ စက်ရုပ် က ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ပုံစံအတိုင်း ခါးကိုင်းပြီး မိတ်ဆက်ခဲ့ပါတယ်။ ပရိသတ်တွေက သဘောကျပြီး ဓါတ်ပုံများစွာ ရိုက်ကူးခဲ့ပါတယ်။ 

Pepper ဟာ ကမ္ဘာ့ ပထမဆုံး စိတ်ခံစားမှုရှိတဲ့ စက်ရုပ်လို့ ပြောပါတယ်။ စက်ရုပ် ဟာ လူတွေရဲ့ အမူအကျင့်များကို သင်ယူပြီး Cloud AI System ကို Upload လုပ်ပေးတဲ့အတွက် အခြား စက်ရုပ်များက လူတွေရဲ့ အမူအကျင့်များကို တစ်ဖန်သင်ယူနိုင်ပါတယ်။ Son က Pepper စက်ရုပ်ရဲ့ Emotion Engine ဟာ အခြား လူတူစက်ရုပ်တွေရဲ့ Programming နဲ့ ကွာခြားမှုကို ပြသနိုင်ခဲ့ပါတယ်။ လူတွေဟာ သူငယ်ချင်း ၊ မိသားစုများနဲ့ ဆက်ဆံတဲ့ အတိုင်းပဲ စက်ရုပ် နဲ့ ဆက်ဆံနိုင်ပါတယ်။ 

Pepper ဟာ Son အရပ် ရဲ့ သုံးပုံပုံနှစ်ပုံလောက်သာရှိတဲ့ အတွက် သိပ်တော့ မမြင့်လှပါဘူး။ တက်ဘလက် ပုံစံ Display ကို သူ့ရဲ့ ရင်ဘတ်မှာ တပ်ဆင်ထားပါတယ်။ လူတွေရဲ့ လက်များလို စွမ်းဆောင်ရည် ပြည့်တဲ့ လက်နှစ်ဖက် တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ခြေထောက်မပါရှိဘဲ အောက်ခြေမှာ ဘီးများ တပ်ဆင်ထားပါတယ်။ စက်ရုပ် ရဲ့ ဘက်ထရီ သက်တမ်း ဟာ ၁၂ နာရီ ဖြစ်ပါတယ်။ 

စက်ရုပ် ကို SoftBank နဲ့ Nao, Romeo တို့လို စက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ပြင်သစ် ကုမ္ပဏီ Aldebaran Robotics တို့ ပူးပေါင်း တီထွင်တာ ဖြစ်ပါတယ်။ SoftBank က Pepper ကို တိုကျို ရှိ သူ့ရဲ့ အရောင်းဆိုင် နှစ်ခုမှာ ထားရှိမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန် တစ်နိုင်ငံလုံး ရှိ အရောင်းဆိုင်များမှာ ထားရှိမှာ ဖြစ်ပါတယ်။ Pepper နဲ့ ပတ်သက်ပြီး အထူးခြားဆုံးက ဈေးနှုန်း သက်သာမှုဖြစ်ပါတယ်။ Pepper ကို ဇန်န၀ါရီလ မှာ ဂျပန် ယမ်း ၁၉၈၀၀၀ ( ဒေါ်လာ ၁၉၃၀) ၀န်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ 

Pepper ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=sUsjW1gdPnY

သူရ

ဂျပန် နည်းပညာ ကုမ္ပဏီ SoftBank ရဲ့ CEO ဖြစ်သူ Masayoshi Son က လူတူစက်ရုပ် ကို တိုကျိုမြို့ မှာ ပြသလိုက်ပါတယ်။ စက်ရုပ် ကို Pepper လို့ အမည်ပေးထားပြီး ကလေး ထိန်းကျောင်းနိုင်တာက အစ စတိုးဆိုင်များမှာ အလုပ်လုပ်ပေးနိုင်ပါတယ်။ စက်ရုပ် က ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ပုံစံအတိုင်း ခါးကိုင်းပြီး မိတ်ဆက်ခဲ့ပါတယ်။ ပရိသတ်တွေက သဘောကျပြီး ဓါတ်ပုံများစွာ ရိုက်ကူးခဲ့ပါတယ်။

Pepper ဟာ ကမ္ဘာ့ ပထမဆုံး စိတ်ခံစားမှုရှိတဲ့ စက်ရုပ်လို့ ပြောပါတယ်။ စက်ရုပ် ဟာ လူတွေရဲ့ အမူအကျင့်များကို သင်ယူပြီး Cloud AI System ကို Upload လုပ်ပေးတဲ့အတွက် အခြား စက်ရုပ်များက လူတွေရဲ့ အမူအကျင့်များကို တစ်ဖန်သင်ယူနိုင်ပါတယ်။ Son က Pepper စက်ရုပ်ရဲ့ Emotion Engine ဟာ အခြား လူတူစက်ရုပ်တွေရဲ့ Programming နဲ့ ကွာခြားမှုကို ပြသနိုင်ခဲ့ပါတယ်။ လူတွေဟာ သူငယ်ချင်း ၊ မိသားစုများနဲ့ ဆက်ဆံတဲ့ အတိုင်းပဲ စက်ရုပ် နဲ့ ဆက်ဆံနိုင်ပါတယ်။

Pepper ဟာ Son အရပ် ရဲ့ သုံးပုံပုံနှစ်ပုံလောက်သာရှိတဲ့ အတွက် သိပ်တော့ မမြင့်လှပါဘူး။ တက်ဘလက် ပုံစံ Display ကို သူ့ရဲ့ ရင်ဘတ်မှာ တပ်ဆင်ထားပါတယ်။ လူတွေရဲ့ လက်များလို စွမ်းဆောင်ရည် ပြည့်တဲ့ လက်နှစ်ဖက် တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ခြေထောက်မပါရှိဘဲ အောက်ခြေမှာ ဘီးများ တပ်ဆင်ထားပါတယ်။ စက်ရုပ် ရဲ့ ဘက်ထရီ သက်တမ်း ဟာ ၁၂ နာရီ ဖြစ်ပါတယ်။

စက်ရုပ် ကို SoftBank နဲ့ Nao, Romeo တို့လို စက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ပြင်သစ် ကုမ္ပဏီ Aldebaran Robotics တို့ ပူးပေါင်း တီထွင်တာ ဖြစ်ပါတယ်။ SoftBank က Pepper ကို တိုကျို ရှိ သူ့ရဲ့ အရောင်းဆိုင် နှစ်ခုမှာ ထားရှိမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန် တစ်နိုင်ငံလုံး ရှိ အရောင်းဆိုင်များမှာ ထားရှိ မှာ ဖြစ်ပါတယ်။ Pepper နဲ့ ပတ်သက်ပြီး အထူးခြားဆုံးက ဈေးနှုန်း သက်သာမှုဖြစ်ပါတယ်။ Pepper ကို ဇန်န၀ါရီလ မှာ ဂျပန် ယမ်း ၁၉၈၀၀၀ ( ဒေါ်လာ ၁၉၃၀) ၀န်းကျင်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Pepper ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=sUsjW1gdPnY

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...