ကွန်ပျူတာ တိုက်ခိုက်မှုများကို Anti-Exploit software သစ်က တားဆီးပေးနိုင်မည်



Malwarebytes က Microsoft Windows အတွက် ဖြန့်ချိလိုက်သည့် Anti-Exploit လုံခြုံရေးပရိုဂရမ် သစ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး operating system software ကို အသုံးပြုသူများကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Anti-Exploit software တွင် ပြီးခဲ့သည့်နှစ်က Malwarebytes က ဝယ်ယူထားသည့် ZeroVulnerabilityLabs မှ exploit-blocking နည်းပညာသစ်ကို အသုံးပြုထားသည်။

Anti-Exploit အခမဲ့ဗားရှင်းသည် browser များ၊ add-on များနှင့် Java ရှိ အားနည်းချက်များကို ကာ ကွယ်ပေးနိုင်ပြီး အမေရိကန်ဒေါ်လာ ၂၄.၉၅ ဖြင့် ရောင်းချမည့် အခပေးဗားရှင်းကမူ Microsoft Office, PDF reader, media player နှင့် သုံးစွဲသူ ရွေးချယ်ထားသည့် software တို့ကို ကာကွယ်ပေးနိုင်သည်။ စီးပွားရေး လုပ်ငန်းသုံး Anti-Exploit တွင် Malwarebytes Management Console ပူးတွဲပါဝင်သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများသည် ဟက်ကာများ၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အလွှာ တစ်ခု ဖြစ်သော Anti-Exploit တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေကြကြောင်း Malwarebytes အမှုဆောင် အရာရှိချုပ်နှင့် တည်ထောင်သူ မာဆင်ကလက်ဇိုင်စကီက ပြောကြားခဲ့သည်။





Anti-Exploit သည် ပြင်ဆင်နိုင်ခြင်းမရှိသည့် software အားနည်းချက်များဖြစ်သော zero-day အား နည်းချက်များကို ကာကွယ်ပေးနိုင်သောကြောင့် ကွန်ပျူတာကို ထိန်းချုပ်ခြင်းနှင့် အချက်အလက် ခိုးယူ ခံရခြင်းဘေးမှ ကင်းဝေးစေမည် ဖြစ်သည်။

Zero-day အားနည်းချက်များသည် ကွန်ပျူတာအတွင်းသို့ အန္တရာယ်ရှိသည့် code များထည့်သွင်းကာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပြီး နိုင်ငံမျိုးစုံတွင် အခြေစိုက်သည့် ကုမ္ပဏီကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်း များနှင့် အရေးပါသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်းကလည်း Windows XP ရှိ အဆိုပါ အားနည်းချက်ကြောင့် အမေရိကန်နှင့် ယူကေ အစိုးရအဖွဲ့များက Internet Explorer အသုံးပြုခြင်းကို ရပ်ဆိုင်းရန် သုံးစွဲသူများအား သတိပေးမှုများ ပြုလုပ်ခဲ့သည်။

Malwarebytes Anti-Exploit ကို စမ်းသပ်သုံးစွဲလိုသူများ အနေဖြင့် http://www.malwarebytes.org/antiexploit တွင် download ရယူကာ အသုံးပြုနိုင်သည်။


Ref: CNET
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...