Scottish Qualification Authority ၏ Higher National Diploma Program ကို မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် သင်ကြားနိုင်



ယူကေ အစိုးရ အသိအမှတ်ပြု စကော့တလန် အရည်အချင်း စိစစ်ရေးအဖွဲ့ (Scottish Qualification Authority) အဖွဲ့အစည်းမှ Higher National Diploma Program သင်တန်းများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် စတင်ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဖွင့်လှစ်ခွင့် ရရှိထားသည့် KMD Computer Training Center မှ သိရသည်။

SQA/HND ဆိုသည်မှာ UK အစိုးရ အသိအမှတ်ပြု စကော့တလန် အရည်အချင်း စိစစ်ရေး အဖွဲ့ (Scottish Qualification Authority) မှ ပေးအပ်သော နိုင်ငံတကာ တက္ကသိုလ်ဝင်ကြီးများ၏ ဒုတိ ယနှစ်နှင့် ညီမျှသည့် UK Higher National Diploma ဖြစ်ပြီး SQA သည် စကော့တလန် (UK) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်သလို ကမ္ဘာတစ်ဝန်းရှိ ကော လိပ်များ၊ တက္ကသိုလ်များ တွင် သင်ကြားပေးလျက် ရှိသော Qualification များကို သင်ကြားမှုပြုနေသော သင်တန်းများဖြစ်သည်။

HND သင်တန်းကို Pre HND နှင့် HND ဟု ဖွင့်လှစ်မည်ဖြစ်ပြီး Pre HND ဆိုသည်မှာ HND ၏ ပထမ နှစ်သင်တန်းကို တက်ရောက်သည့် အခါ သင်တန်းများ အနေဖြင့် အခက်အခဲမရှိစေရန် အခြေခံမှစတင်၍ သင်ကြားပေးမည့် သင်တန်း ဖြစ်သည်။ Pre HND တွင် Hardware/Software နှင့် ဆိုင်သော IT ဘာ သာရပ်များကို စာတွေ့၊ လက်တွေ့ နှစ်ခု စလုံးရရှိအောင် ကျွမ်းကျင်သော၊ နိုင်ငံခြား အတွေ့အကြုံ ရှိသော ဝါရင့် ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးမည် ဖြစ်ပြီး အင်္ဂလိပ်စာကိုပါ အခြေခံမှ စတင်၍ သင်ကြားပေးမည်ဖြစ်သည်။

PreHND သင်တန်းအတွက် သင်တန်းဝင်ခွင့်အားဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများနှင့် အလားတူ အရည်အချင်းရှိသူများ တက်ရောက်နိုင်ပြီး သင်တန်း ကာလ ၂ လဖြစ်ကာ သင်တန်းပြီးဆုံးသောအခါ KMD နှင့် Pre HND မှ ချီးမြှင့်သော Certificate ကို ရရှိမည် ဖြစ်သည်။

PreHND တက်ရောက်ပြီးသူများသည် HND ၏ ပထမနှစ်သင်တန်း (HNC) ကို တိုက်ရိုက် တက်ရောက် ခွင့် ရရှိမည် ဖြစ်သည်။ သင်တန်းဝင်ခွင့် အနေဖြင့် အစိုးရတက္က သိုလ်၏ ပထမနှစ်အောင်မြင်ပြီးသူများ IDCS/ Level 4 Diploma ရရှိပြီးသူများသည် HND သင်တန်းကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိမှာဖြစ် ကာ သင်တန်းကာလအားဖြင့် Higher National Diploma အတွက် စုစုပေါင်း ၂ နှစ်ကြာမြင့် မည်ဖြစ် သည်။ ပထမနှစ်ပြီးဆုံးပါက Higher National Certificate (HNC) ကို ရရှိမည် ဖြစ်ပြီး ဒုတိယနှစ်ပြီးဆုံး ပါက Higher National Diploma (HND) ရရှိမည် ဖြစ်သည်။HND သင်တန်းတွင် သင်ကြား မှုပုံစံ အနေဖြင့် Assignment များ၊ Group Discussion များ၊ Small quiz များနှင့် သင်ကြားပေးမည် ဖြစ်သောကြောင့် Pre HND သင် တန်းပြီးသောအခါ HND ပထမနှစ် ကို အခက်အခဲမရှိ တက်ရောက်နိုင် မည် ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့်လည်း HND လက်မှတ် ဖြင့် ပြည်တွင်း၊ ပြည်ပရှိ IT နှင့် ဆက်စပ် လုပ်ငန်းခွင်များတွင် IT Professional တစ်ဦးအဖြစ် တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်နိုင်သော အခွင့် အရေးကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို KMD ဖုန်း-၀၁-၃၈၁၁၂၉၊ ၃၈၁၁၇၆၊ ၃၈၁၀၃၅ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။


ဝေေ၀
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...