စန္ဒယားခလုပ်ပြုလုပ်ဖို့အတွက် ဆင်တွေကို သတ်ဖြတ်နေတာတွေရပ်တန့်ရေး ဂီတသမား Billy Joel ဆော်သြ


Jack the Ripper on 2014-06-19 16:29

သူ့ရဲ့အရွယ်ရောက်ပြီး ကာလတစ်လျှောက် စန္ဒယားပညာရှင် တယောက်အဖြစ် ရပ်တည်လာခဲ့သူ တစ်ဦး အနေနဲ့ Billy Joel တစ်ယောက် ဆင်စွယ်တွေရဲ့ အရည်အသွေးကို လူတော်တော်များများထက် ပိုသိပါ တယ်။ ဒါပေမယ့် မကြာသေးခင်က New York ပြည်နယ်မှာ တရားမ၀င် ဆင်စွယ်ရောင်းဝယ်မှုကို တားမြစ်ရေးထောက်ခံကြောင်း လူသိရှင်ကြားကြေငြာ လိုက်တဲ့အတွက် Billy တစ်ယောက်ယောက် ဆင်စွယ်အသုံးပြုမှုမှာ သတိမထားမိဘဲ မြင့်မားလွန်းနေတဲ့ အဖိုးအခရှိတယ်ဆိုတာကို သူနားလည်ပါ တယ်။

New York မြို့တော်ဝန် Andrw Cuomo က စတင်မိတ်ဆက်ပေးတဲ့ ဒီလုပ်ဆောင်မှုကို Joel ကသူ့ တရားဝင် website မှာ တင်ထားတဲ့ စာတစ်စောင်နဲ့ထောက်ခံ ခဲ့တာဖြစ်ပါတယ်။ ‘ကျွန်တော်က စန္ဒယား တီးသူ တစ်ယောက်ပါ။ ပြီးတော့ ဆင်စွယ်စန္ဒယား ခလုတ်တွေကို အချို့စန္ဒယားသမားတွေ ကြိုက်ကြ တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆင်စွယ်စန္ဒယား ခလုတ်တွေကို နှစ်သက်တာဟာ တစ်နေ့ကို ဆင်အကောင် ၉၆ ကောင်သတ်တာကို မှန်ကန်တယ်လို့ ပြောလို့မရပါဘူး။ စန္ဒယား ခ လုတ်တွေအတွက် အခြားအစားထိုးလို့ရတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုကြီးကျယ် ခမ်းနားတဲ့ တိရိစ္ဆာန်တွေကိုတော့ ဘယ်တော့မှ အစားထိုးလို့မရပါဘူး။

အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ တိရိစ္ဆာန်မျိုးစိတ်ကို သတ်ဖြတ်ဖို့ ဂီတက ဘယ်တော့မှ ဆင်ခြေတစ်ခု မဖြစ်ရပါဘူး။ ဂီတဟာ ဘ၀ရဲ့ ဂုဏ်ပြုဆင်နွှဲမှု တစ်ခုဖြစ်သင့်ပါတယ်။ သေဆုံးမှုရဲ့ ကရိယာ မဖြစ်သင့်ပါ ဘူး’ လို့ Billy က ဆိုပါတယ်။


Ref:ultimateclassicrock.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...