၁၈၅၆ ခုနှစ်က ၁ ဆင့်တန် ရှားပါးတံဆိပ်ခေါင်းကို လေလံပွဲမှာ ကမ္ဘာ့စံချိန်တင် ပေါင် ၅.၆ သန်းနဲ့ ရောင်းချ
Angel on 2014-06-19 16:59
ကမ္ဘာ့အရှားပါးဆုံး တံဆိပ်ခေါင်းကို စံချိန်တင် တန်ကြေး အမေရိကန်ဒေါ်လာ ၉.၅ သန်း (ပေါင် ၅.၆ သန်း) နဲ့  ရောင်းချခဲ့ရပါတယ်။
အရင်က အမေရိကန် မီလျံနာ ၊ လူသတ်မှုတရားခံ John du Pont ပိုင်ဆိုင်ဖူးတဲ့ ဒီတံဆိပ်ခေါင်းဟာ တစ်လက်မ အရွယ်အစားသာ ရှိပါတယ်။
၁ ဆင့်သာတန်ခဲ့တဲ့ တံဆိပ်ခေါင်းဟာ အခုဆို ပေါင် ၅.၆ သန်းတန်သွားပြီဖြစ်ပြီး ရောင်းချခဲ့ရသမျှ တံဆိပ်ခေါင်းတွေထဲမှာ ဈေးအကြီးဆုံး တံဆိပ်ခေါင်းဖြစ်လာ ခဲ့ပါတယ်။ သူ့ ရဲ့ အမှန်တကယ် တန်ဖိုး ထက် အဆ သန်းထောင်ပေါင်းများစွာ ဈေးခုန်တက်ခဲ့တာပါ။
ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးတဲ့ တောင်အမေရိကတိုက်၊ British Guiana ရဲ့ စာတိုက်အရာရှိက ဒီတံဆိပ်ခေါင်း ကို ၁၈၅၆ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကနေ တံဆိပ်ခေါင်းတွေ တင်ပို့ လိုက်တဲ့ သဘောင်္ နောက်ကျနေတဲ့ အချိန်မှာ ပြုလုပ်ခဲ့တာပါ။
ပြုလုပ်ခဲ့စဉ်က တံဆိပ်ခေါင်း သုံးခုပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီတံဆိပ်ခေါင်းတစ်ခုပဲ လက် ၀ယ် ရှိတော့တာဖြစ်ပါတယ်။ British Guiana ဟာ အခုတော့ လွတ်လပ်သော Guyana နိုင်ငံအဖြစ် လူသိများပါတယ်။
ဒီတံဆိပ်ခေါင်းဟာ ပိုင်ရှင်တော်တော်များများလက်ထဲ ရောက်ခဲ့ပြီး နောက်ဆုံးပိုင်ဆိုင်ကတော့ John du Pont ၊ du Pont ဓာတုပစ္စည်းကုမ္ပဏီအင်ပါယာကြီးရဲ့ အရှင်သခင် John du Pont ပိုင်ဆိုင်ခဲ့တာဖြစ် ပါတယ်။ John du Pont ဟာ ၁၉၉၇ ခုနှစ်က အိုလံပစ်နပန်းရွှေတံဆိပ်ဆုရှင် David Schultz ကို သတ်ဖြတ်မှုမှာ ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ကျခဲ့သူဖြစ်ပါတယ်။
Du Pont ဟာ ၂၀၁၀ ခုနှစ် အသက် ၇၂ နှစ်အရွယ်မှာ ထောင်ထဲမှာသေဆုံးခဲ့ပြီး ဒီတံဆိပ်ခေါင်းရောင်း ချမှုက ရရှိတဲ့ ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို သူ့ ရဲ့ နပန်းကစားသမားသူငယ်ချင်း Valentin Jordano Dimitrov ရဲ့ မိသားစုဆီ အပ်နှင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ Du Pont ထောက်ပံ့ခဲ့ဖူးတဲ့ ဥရောပအာရှပစိဖိတ် တောရိုင်းတိရိစ္ဆာန် ဖောင်ဒေးရှင်းကို ပေးအပ်ရမှာပါ။
New York မြို့ မှာပြုလုပ်ခဲ့တဲ့ Sotheby လေလံပွဲဟာ နှစ်မိနစ်သာကြာမြင့်ခဲ့ပြီး အမည်မသိ စုဆောင်းသူ တစ်ဦးက ၀ယ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
တံဆိပ်ခေါင်းတစ်ခုကို အများဆုံးရောင်းရတဲ့ငွေစံချိန်ဟောင်းကတော့ ၁၉၉၆ ခုနှစ်က ပေါင် နှစ်သန်းနဲ့  ရောင်းချခဲ့ရတဲ့ Treskilling Yellow တံဆိပ်ခေါင်းဖြစ်ပါတယ်။
Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)