စကြ၀ဠာအတွင်းက တွင်းနက် (Black Holes) တွေ အကြောင်း (၂)



ကြယ်မှဖြစ်သော တွင်းနက်များ (stellar black holes)

သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တွင်းနက်တွေပါ..။

ကြယ်တွေလောင်စာကုန်ခန်းလို့ တောက်လောင်စရာမရှိတော့တဲ့အခါမှာ ယိုယွင်းပျက်စီးလာကြပါတယ်။ သေးငယ်တဲ့ကြယ်များ (ဥပမာ။ နေ (သို့) နေထက် ထုထည် သုံးဆလောက်သာကြီးမားတဲ့ ကြယ်များ) ကတော့ နယူထရွန်ကြယ် (သို့) အဖြူရောင်ကြယ်ပု (white dwarf) အဖြစ် အဆုံးသတ်ကြပါတယ်။

ဒါပေမယ့် နေထက် အဆပေါင်းများစွာ ထုထည်ကြီးမားတဲ့ ကြယ်များ လောင်စာကုန်လို့ ယိုယွင်းပျက် စီးပြီဆိုလျှင်တော့.. တွင်းနက် တွေအဖြစ်ကို ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကို ကြယ်မှဖြစ်သော တွင်းနက် (stellar black holes) လို့ခေါ်ပါတယ်။

ကြယ်တစ်လုံးမှ ဖြစ်သော တွင်းနက်များဟာ အများအားဖြင့် သေးငယ်လှပါတယ်။ ဘယ်လောက်တောင် သေးသလဲဆိုရင် ကမ္ဘာပေါ်က မြိုကြီးတစ်မြို့စာလောက်ကို သေးသွားတာပါ။ ဒါပေမယ့် သိပ်သည်း ဆတော့ သိပ်များတယ်။ နေထက် သုံးဆ မက ကြီးတဲ့ ကြယ်တစ်လုံးကနေ မြို့တစ်မြို့စာလောက်ဖြစ် သွားတဲ့ သိပ်သည်းဆဟာ ဘယ်လောက်ကြီးမားပြီး ဘယ်လောက်ဆွဲအားများမလဲဆိုတာ ခန့်မှန်းကြည့် ရုံနဲ့ ကြောက်စရာကောင်းနေပါပြီ..။

သူ့အနားကို ရောက်လာတဲ့ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေကို စုပ်ယူ စားသုံးပါတော့တယ်..။ ပြီးတော့မှ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာကြတာဖြစ်ပါတယ်။

သေးငယ်ပေမယ့် သေလောက်အောင် အစွမ်းထက်တဲ့ တွင်းနက် တစ်မျိုးပါဘဲ..။


အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...