ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ရှိ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၁၄၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများအား ယာဉ်နှင့်အတူ တွေ့ရစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၁၄၇၀၀ ကျော် စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇွန် ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု ၃၀ မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးများ သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းဖြစ်သည့် တာချီလိတ်မြို့ နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ် နေရာတွင် မယ်ယန်းကျေးရွာဘက်မှ တာချီလိတ်မြို့ နယ်နေ ယာဉ်မောင်းဖြစ်သူ အိုက်မွန်း(၁၉)နှစ် မောင်းနှင်လာသော ၃ဂ/--- အီဆူဇူးနှစ်ခန်းတွဲ အဖြူရောင်ယာဉ်အား ရပ်တန့်စေပြီး စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေစဉ် ယင်းယာဉ်နောက်ခန်း၏ ထိုင်ခုံအောက်ရှိ အံဝှက်အတွင်းမှ အ၀ါရောင် ရှမ်းစက္ကူ များဖြင့်ပတ်၍ ပလတ်စတစ်အိမ်များဖြင့် ထည့်ထားသော ကျပ်သိန်း ၁၄၇၀၀ ကျော်တန်ဖိုးရှိ WY စာ တမ်းပါ ပန်းရောင်စိတ်ကြွဆေး အပြား ၅၉၀၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ဖြစ်စဉ်မှ ယာဉ်မောင်းအိုက်မွန်းအား တာချီလိတ် မြို့မရဲစခန်းက မယ(ပ) ၈၈/၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။


Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...