ကတ်ထူပြားနဲ့ လုပ်တဲ့ စားသောက်ဆိုင်


ကတ်ထူပြားနဲ့ ပြုလုပ်ထားတဲ့ စားသောက်ဆိုင် ထိုင်ဝမ်နိုင်ငံမှာ ရှိပါတယ်။ အစားအသောက်က လွဲလို့ ဆိုင်က အသုံးအဆောင် နဲ့ နေရာထိုင်ခင် အားလုံး နီးပါးကို ကတ်ထူပြားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါ တယ်။

ထိုင်ဝမ် နိုင်ငံ Taichung မြိုကမှာ ရှိတဲ့ Carton King Creativity Park restaurant ဖြစ်ပါတယ်။ ယင်း ဆိုင်ကို တည်ထောင်သူဟာ တစ်ချိန်တုန်းက စာရွက်နဲ့ ကတ်ထူပြား၊ ကတ်ထူဖာများ ရောင်းချတဲ့ Huang Fang-liang အမည်ရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့မှာ ရည်ရွယ်ချက် နှစ်ခု ရှိပြီး တစ်ခုက စားသောက်ဆိုင် ဖွင့်ဖို့ရယ်၊ နောက်တစ်ခုက ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်ဆုံးမှာ သူဟာ ကတ်ထူပြားတွေကို စားသောက်ဖိုင်မှာ အသုံးပြုဖို့ ခုံ၊ ကုလားထိုင်၊ စားပွဲ နဲ့ အခြားသော အခင်း အကျင်းများအတွက် သေချာ ပြန်လည် ပြုလုပ် ဖန်တီးလိုက်ပါတယ်။

နောက်တော့ ပုံမှာ မြင်တွေ့ရသလိုပဲ စားသောက်ဆိုင်အတွက် လှပဆန်းသစ်နဲ့ အသုံးအဆောင် ပစ္စည်းများ ဖြစ်သွားပါတယ်။ 


Ref: reuters
အောင်ခမ်း (www.innewsmyanmar.com)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...