တရုတ် အချမ်းသာဆုံး ပုဂ်္ဂိုလ် မက်ဒရစ် မိုးမျှော်တိုက် ၀ယ်ယူ


မက်ဒရစ် မိုးမျှော်တိုက်

သန်းထိုက်စိုး

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ်္ဂိုလ် ၀မ်ကျန်လင်းသည် စပိန်နိုင်ငံ မြို့တော် မက်ဒရစ်ရှိ မိုးမျှော်တိုက် တစ်လုံးကို စပိန်၏ အကြီးဆုံးဘဏ် Santander ထံမှ ယူရို ၂၆၅ သန်း (ဒေါ်လာ သန်း ၃၆၀) ဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။

ထိုအဆောက်အအုံကို အဲဒီဖီဆီယို အက်စ်ပန်နာ အဆောက်အဦးဟု မှည့်ခေါ်သည်။ မစ္စတာဝမ် ဦးစီးနေသော ဒါလျန် ၀မ်ဒါ လုပ်ငန်းစုကြီးထဲမှ အခွဲတစ်ခုဖြစ်သော ရန်ဗီလီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။ (၂၅) ထပ်ရှိသော ထိုအဆောက်အဦးကို ၁၉၅၃ ခုနှစ်တွင် ဗိုလ်ချုပ် ဖရန်စစ္စကို ဖရန်ကို၏ စစ်အာဏာရှင် လက်ထက်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ ရုံးခန်းများ၊ လူနေတိုက်ခန်း များ ပါဝင်သော အဆောက်အဦးဖြစ်ပြီး မက်ဒရစ်မြို့ အနောက်ပိုင်းတွင် တည်ရှိသည်။

၂၀၀၆ ခုနှစ်မှစ၍ ထိုအဆောက်အအုံ၌ ရုံးခန်းများ ဖွင့်လှစ်ခြင်း၊ လူနေထိုင်ခြင်း လုံးဝမရှိဘဲ ဗလာဖြစ်နေ ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဥရောပငွေကြေး အကျပ်အတည်း၏ ကနဦး သက်ရောက်မှု အဖြစ် မြင်နိုင်သည်။ အကျပ်အတည်း ကြောင့် စပိန်တွင် အလုပ်အကိုင်နေရာ သန်းပေါင်းများစွာ ပျောက် ဆုံးခဲ့ရသည်။

မိုးမျှော် အဆောက်အအုံကို ပိုင်ရှင်သစ်ထံသို့ ရောင်းချနိုင်မှုကြောင့် အဆောက်အအုံသည် အသက် ပြန်ဝင်လာကာ အနီးဝန်းကျင်ပါ ပြန်တက်ကြွ လှုပ်ရှားလာမည်ဟု စပိန်အစိုးရ တာဝန်ရှိသူများက မျှော်လင့် ထားကြသည်။

Santander ဘဏ်သည် ထိုအဆောက်အအုံကို ၂၀၀၇ ခုနှစ်တွင် ယူရို (၃၈၉) သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ် သည်။ မစ္စတာ ၀မ်သည် ကွန်မြူနစ်ပါတီဝင် ဟောင်းတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံတွင် အချမ်းသာဆုံး ပုဂ်္ဂိုလ်ဖြစ်သည်။ ကဗ္ဘာပေါ်တွင် ချမ်းသာမှု အဆင့်(၂၆) ရှိပြီး ပိုင်ဆိုင်မှု ဒေါ်လာ(၁၄) ဘီလီယံ ကြွယ် ၀ကြောင်း Forbes မဂ္ဂဇင်း၏ အဆင့် သတ်မှတ်ချက်အရ သိရသည်။

မစ္စတာဝမ်သည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်မှ ရုပ်ရှင်ရုံလုပ်ငန်း AMC Entertainment ကိုလည်း ၀ယ်ယူခဲ့သည်။

Source: AFP
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...