အမေရိကန်ကလေးငယ်များ ဗီတာမင်အားဖြည့် အစားအသောက်များ အလွန်အကျွံစားသုံးနေ



အမေရိကန်ကလေးငယ်များသည် သကြားနှင့် ကယ်လိုရီအများအပြားစားသုံးနေကြရာ ယခုအခါ ၎င်းတို့၏ အစားအသောက်များတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ လွန်ကဲစွာပါဝင်နေသည်။

အသက်ရှစ်နှစ်အောက် ကလေးငယ် ၄၅ ရာခိုင်နှုန်း၏ အစားအစာများတွင် ဇင့်ဓာတ်မှာ လိုအပ်သည် ထက် များလွန်းနေသည်။ ကလေးငယ် ၁၃ ရာခိုင်နှုန်းမှာ ဗီတာမင်အေ အလွန်အကျွံစားသုံးနေရာ ရှစ် ရာခိုင်နှုန်းမှာ နီယာစင်ဓာတ်ကို သတ်မှတ်ချက်ထက် အများအပြား ပိုမိုစားသုံးနေသည်။ ယခု တွက်ချက်မှု များတွင် ကလေးများသောက်သုံးသော ဗီတာ မင်စုံဆေးလုံးများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။

အသင့်ပြင်ဆင်နိုင်သော အစားအသောက်များ အထူးသဖြင့် နံနက်စာနှင့် သရေစာထုတ်လုပ်သူများက အာဟာရဓာတ်များအားဖြည့်ပေးထားသည်။ သို့သော် ဗီတာမင်နှင့် သတ္တုဓာတ်များ အလွန်အကျွံ စားသုံးခြင်းမှာ အန္တရာယ်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်အဖွဲ့ (EWG) က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အထူးသဖြင့် ဗီတာမင်နှင့် အာဟာရဓာတ်များ အလွန်အကဲစားသုံးခြင်းမှာ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများတွင် ရေတို၊ ရေရှည်ကျန်းမာရေး ပြဿနာများဖြစ်ပေါ်လာနိုင်သည်ဟု EWG ၏ သုတေ သန ဒါရိုက်တာရီနီရှက်ပ်က ပြောကြားသည်။

ဗီတာမင်အေများလွန်းခြင်းကြောင့် အသည်းပျက်စီးခြင်း၊ ခြေသည်း လက်သည်းများ ကျိုးလွယ်ခြင်း၊ ဆံပင်ဆုံးရှုံးခြင်းများဖြစ်နိုင်သည်။ ဇင့်ဓာတ် လွန်ကဲပါက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကမောက် ကမဖြစ်စေနိုင်သည်။ နီယာစင်ဓာတ်များလွန်းပါကအော့အန်ခြင်းနှင့် အနီရောင်အဖုများ ထွက်လာနိုင် သည်။

ယခု အစီရင်ခံစာတွင် အဓိကအကြံပေးထားသော အချက်မှာ ပြုပြင်စီရင်ထားသည့် အစားအသောက်များ လျှော့စား၍ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးရန်ဖြစ်သည်။ 


—Ref: UPI
7Day Daily No.421 Thursday, June 26, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...