ထိန်းသိမ်းခံ မြန်မာအလုပ်သမားများ လွှဲပြောင်းပေးရန် ထိုင်းနှင့် မြန်မာသဘောတူ


တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတားရှိ လ၀က ရုံးခန်းတွင် နှစ်နိုင်ငံတာဝန်ရှိ သူ များ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - ကိုဇောင်း)

အထောက်အထားမရှိ သောကြောင့် ထိန်းသိမ်းခံထားရ သည့် မြန်မာအလုပ်သမားများကို ပြန်လည် လွှဲပြောင်းပေးရန် မြန်မာနှင့် ထိုင်းအစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့ပြီး ကနဦးသဘောတူ ညီချက်လည်း ရရှိခဲ့ကြောင်း မယ် ဆိုင်မြို့ရောက် မြန်မာနိုင်ငံသား များအား ကူညီစောင့်ရှောက်ရေး နှင့်စေ့စပ် ညှိနှိုင်းရေးကော်မတီ (CNCMC) မှ သတင်းရရှိသည်။


ထိုင်းနိုင်ငံ၌ စစ်အစိုးရအုပ် ချုပ်နေပြီး ၎င်းတို့၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် အလုပ်သမား အရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအတွက် နယ်စပ်ဒေသ တာဝန်ရှိသူအချင်းချင်းအပြုသဘော ဆောင်သည့် ဆွေးနွေးပွဲတစ်ခု ဇွန်လ ၂၃ ရက်ကပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နယ်စပ်အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါ အချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ် သည်။

‘‘တကယ်လိုများ ထိုင်းမှာ နိုင်ငံပေါင်းစုံက တရားမ၀င်ရောက်လာနေတဲ့သူတွေကို ဖမ်းဆီးထားတာများပြီး ထိန်းသိမ်းဖို့ နေရာအခက်အခဲရှိရင် မြန်မာလူမျိုးတွေကို ဒီဖက်လွှဲဖို့ မြန်မာနယ်စပ်တာဝန်ရှိသူတွေက တောင်းဆိုတာပါ။ ထိုင်းဘက်ကလည်းအဲဒီလိုဆိုရင် အဆင်ပြေတယ်လို့ ပြန်ပြောပါတယ်’’ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် CNCMC အဖွဲ့ဝင် တစ်ယောက်က ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ တာ ချီလိတ်ခရိုင်အဆင့်အစိုးရတာ ၀န်ရှိသူများတက်ရောက်ခဲ့ပြီး မြန်မာဘက်မှ တောင်းဆိုချက်အချို့ကို ထိုင်းအစိုးရတာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဆွေးနွေးခဲ့ကာ မည်သည့် အချိန်တွင် လွှဲပြောင်းပေးမည်ကို အတည်ပြု၍မရသေးကြောင်း တာချီိလိတ်မြို့နယ် လ၀ကရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနှင့်ထိုင်းနယ်စပ် တစ် လျှောက် ထိုင်းဘက်မှ ပြန်လွှဲမေး မည်သူများကို လက်ခံရန် တာချီ လိတ်နှင့် မြ၀တီနယ်စပ်ဂိတ်နှစ်ခု တွင် ခွင့်ပြုထားပြီး စောင့်ရှောက် ရေးဂေဟာအနေဖြင့် ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဧပြီလက ဖွင့်ခဲ့သည်။

ယင်က ထိုင်းနိုင်ငံတွင် ဖမ်း ဆီးခံရသည့် တရားမ၀င်အလုပ် သမားများကို နယ်စပ်ဒေသများ သို့ ထိုင်း အစိုးရက ပြန်ပို့ပေးခဲ့ သော်လည်း အကြောင်းအမျိုးမျိုး ဖြင့် နောက်တစ်ကြိမ်လူကုန်ကူးခံ ရခြင်းများဖြစ် ပွားခဲ့သောကြောင့် ယင်းကဲ့သို့ မဖြစ်ရန်ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်နေကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီး ခင်မောင်လှကပြောသည်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားလာရာ၌ ယခင်က မယ်ဆိုင်မြို့ အထိသာ သွားခွင့်ရှိပြီး ၇ ရက်သာနေထိုင်ခွင့် ပေးထားရာမှ ယခုအခါ ချင်းရိုင်းမြို့သွားရောက် ခွင့်ပေး သည့်အပြင် နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်ကိုလည်း ၁၄ ရက်အထိ တိုးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိ သည်။


7Day Daily
No.421 Thursday, June 26, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...