သင်ဟာ ဦးထုပ်ဆောင်းရတာ နှစ်ခြိုက်တဲ့သူတစ်ယောက် ဟုတ်မဟုတ်ဆိုတာ သိစေဖို့


မေသော် on 2014-06-16 12:09

ကိုယ့်ကိုယ်ကိုယ် ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူလား၊ ဒီအတိုင်း ဖက်ရှင်ကျဖို့သက်သက် ဆောင်းသွား လိုက်တာလား၊ တစ်နေရာသွားလိုက်တာနဲ့ ဦးထုပ်ဆောင်းမှကို ဖြစ်တာမျိုးလားဆိုတာ စဉ်းစားကြည့်ကြ ရအောင်။ ဒီလိုစဉ်းစားကြည့်ဖို့ဆို သေချာတာက သင့်စိတ်ထဲမှာ ဒီလိုအတွေးမျိုးတွေ ရှိနေပြီလားဆိုတာ တစ်ချက်ကြည့်ရမှာပါ။ ဒီလိုအတွေးမျိုး အယူအဆတွေရှိတယ်ဆိုရင်တော့ သင်ဟာ ဦးထုပ်ဆောင်းရတာ ကြိုက်တဲ့သူပေါ့။



၁။ အပြင်သွားခါနီး ဆံပင်ကို ပြင်ဆင်ဖို့ထက် ဦးထုပ်ကိုပဲ ကောက်ဆောင်းသွားဖြစ်တယ်။

ခေါင်းလျှော်၊ ဒရိုင်ယာမှုတ်ပြီး ဆံပင်ကို ပုံသွင်းဖို့ထက် ကိုယ့်စိတ်က အားသာနေတာကတော့ ဦး ထုပ်ကောက်ဆောင်းပြီး အပြင်ထွက်ဖို့ပါပဲ။ ဆံပင်ပုံသွင်းတာက ကြာတယ်လို့ ထင်တယ်။ ဦးထုပ်ဆောင်း သွားလိုက်ရင် ဖက်ရှင်လည်းကျတယ်၊ အချိန်လည်း မကုန်တော့ဘူးလို့ ထင်နေတတ်တယ်။

၂။ဦးထုပ်ဆောင်းထားလိုက်ရင် ရှေ့ဆံပင်တွေလည်း ဖရိုဖရဲ မဖြစ်တော့ဘူး။

ရှေ့ဆံပင်တွေက လေတိုက်တာနဲ့ မျက်နှာရှေ့ရောက်လာပါရော။ အာရုံနောက်စရာသိပ်ကောင်းတယ်။ ဦးထုပ်ဆောင်းထားလိုက်တော့ ဆံပင်တွေလည်း ထိန်းသိမ်းပြီးရာ ရောက်တယ်။



၃။ဦးထုပ်နဲ့ မျက်မှန်နဲ့ တွဲဝတ်လိုက်ရင် ကြည့်ကောင်းတယ်။

ခု ကိုယ်တပ်နေတဲ့ မျက်မှန်နဲ့ ဦးထုပ်နဲ့ လိုက်ဖက်မှုရှိတယ်။ ဖက်ရှင်လည်းကျသလို ဆွဲဆောင်မှုလည်း ရှိတယ်လို့ သူငယ်ချင်းတွေက ပြောတယ်။

၎။ဦးထုပ်လေးဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်ရတာ ပြည့်စုံသွားသလို ခံစားရတော့တယ်။

ဒီအတိုင်းကြည့်လိုက်ရင် မျက်နှာပါ ဘာလိုနေသလဲမသိဘူးဖြစ်နေတတ်တယ်။ ဦးထုပ်ဆောင်းလိုက်မှ ကိုယ့်မျက်နှာက ကြည့်လို့ကောင်းသွားသလို၊ ပြည်စုံသွားသလို ခံစားနေရတတ်တယ်။

၅။ကိုယ့်မျက်နှာကို နေပူဒဏ်က ကာကွယ်ဖို့ ဆောင်းမှကိုဖြစ်မယ်။

မျက်နှာမှာ နေလောင်ဒဏ်မဖြစ်စေဖို့အတွက် sun block တွေ လိမ်းရမယ်၊ မျက်မှန်နဲ့ ဦးထုပ်ကလည်း မပါအဖြစ်ပဲ။ ဒီတော့ ဦးထုပ်ကိုဆောင်းမှကို ဖြစ်မယ်။



၆။ဦးထုပ်ဒီဇိုင်းအသစ်တွေ ထွက်ပြီဆိုတာနဲ့ ၀ယ်ချင်နေတာ့တာပဲ။

ဦးထုပ်ဒီဇိုင်းသစ်ဆို ၀ယ်စုဖြစ်တယ်။ အင်္ကျံအသစ်တစ်ထည်ဝယ်တိုင်း ဒီအင်္ကျံနဲ့ဆို ဘယ်လိုဦးထုပ်မျိုးနဲ့ လိုက်မလဲဆိုတာလည်း တွေးပြီးဝယ်ဖြစ်တယ်။



၇။Cap ဦးထုပ်မှ မဟုတ်ဘူး၊ ဦးထုပ်ဒီဇိုင်းအားလုံးကို သဘောကျပြီး ဆောင်းဖြစ်တယ်။

Boho ဦးထုပ်ဒီဇိုင်းမျိုးလို ဦးထုပ်အ၀ိုင်းတွေလည်း ဆောင်းဖြစ်တာပဲ။ Cap ဦးထုပ်လည်း ဆောင်းဖြစ်တာ ပဲ။ ဖက်ရှင်ဒီဇိုင်းနဲ့လိုက်ပြီး ပြောင်းလဲဆောင်းဖြစ်နေတယ်။


Ref:cosmopolitan.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...