သင့်အိမ်ထောင်ရေး ပိုမိုသာယာပျော်ရွှင်စေဖို့ သိထားရမယ့် နည်းလမ်း(၉) သွယ်


မေသော် on 2014-06-16 14:35

အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ဦးတည်းကောင်းနေလို့ မရပါဘူး။ အမျိုးသားရော၊ အမျိုးသမီးပါ တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိရှိ၊ သစ္စာရှိရှိ ပြုမူနေထိုင်သွားမယ်ဆိုရင်တောင် နေ့စဉ်ဘ၀တွေမှာ ပျင်းရိ စရာဖြစ်မလာအောင်၊ တစ်ဦးကို တစ်ဦး ချစ်စိတ်တွေ လျော့ပါးမသွားအောင် နှစ်ဦးစလုံးက ကြိုးစားနေရ မှာပါ။ တစ်ခါတစ်လေ ကိုယ်တွေ မတွေးထားခဲ့တဲ့ အချက်ကလေးတွေကလည်း အိမ်ထောင်တစ်ခု သာ ယာစေဖို့ အထောက်အကူပြုနေတာမျိုးတွေ ရှိတတ်ပါ တယ်။ အရေးမကြီးဘူးလို့ ယူဆထားတဲ့ အချက် ကလေးတွေကို သေသေချာချာဂရုစိုက်ပေးသွားမယ်ဆိုရင် သင့်အိမ်ထောင်ရေးဟာ ပျင်းရိငြိငွေ့စရာ မကောင်းတော့ပဲ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေနဲ့ ပြည့်လာမှာပါ။

၁။တစ်ဦးပေါ်တစ်ဦး အရိုးသားဆုံး ဆက်ဆံပါ။

စိတ်တိုတာ၊ စိတ်ဆိုးတာမျိုးတွေကို ဖုံးကွယ်ပြီး ပြုံးပြနေစရာ မလိုပါဘူး။ ဒါဟာ ရန်ဖြစ်ဖို့ပြောနေတာ လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်မကြိုက်တဲ့အရာမျိုး သူလုပ်ရင် သူ့ကို နားလည်အောင် ရှင်းပြပါ။ ဒေါသရှေ့မထားပါနဲ့။ စိတ်အနှောင့်အယှက်ဖြစ်နေတာမျိုးကိုလည်း ပြုံးပြုံးလေးနေပြီး ဖုံးကွယ်နေစရာ မလိုပါဘူး။

၂။အပြင်မှာ စိတ်ဝင်စားစရာ ကိစ္စမျိုးလေးတွေ ဖန်တီးပါ။

ဒါကို ဖတ်လိုက်ရလို့ အပြင်မှာ နောက်ထပ်ကောင်မလေး/ကောင်လေး အသစ်ထပ်ရှာခိုင်းတာ မဟုတ်ပါ ဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာ ဥပမာ ယောဂသင်တန်း အတူတူတက်တာပဲဖြစ်ဖြစ်၊ ရေအတူတူသွားကူး တာမျိုးပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခုခု တက်တာမျိုးပဲဖြစ်ဖြစ် ကိုယ့်အိမ်ထောင်ဖက်နဲ့အတူတူ အပြင်လောက မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေ လုပ်ပေးပါ။

၃။နှစ်ဦးသားအတူတူ စွန့်စားပါ။

တစ်နေ့တစ်နေ့ အိမ်မှာ ထိုင်နေပြီး ငါ့ဘ၀ကြီးက ပျင်းစရာကောင်းတယ်လို့ အော်မနေပါနဲ့။ ချစ်သူနဲ့အတူ အပြင်လောကကို ထွက်ပြီး လုပ်စရာရှိတဲ့အရာတွေကို လုပ်ပါ။ နေ့စဉ်ဘ၀တွေကို စိတ်လှုပ်ရှား ဖွယ်ဖြတ် သန်းပါ။

၎။ခရီးထွက်ပေးပါ။

တစ်ခါတစ်လေ နေ့ရောညပါ အလုပ်ကိစ္စတွေ ရှုပ်နေတာကြောင့် ကိုယ့်အိမ်သူဇနီးမယားကို အချိန် မပေးနိုင်တာမျိုး၊ ထမင်းတောင်တူတူ မစားဖြစ်တာမျိုးတွေ ကြုံနေတတ်ပါတယ်။ ဒီလိုအချိန်ကြာမြင့် စွာနေခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ရေးအတွက် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့် ဇနီးနဲ့အတူ ခရီးထွက်ပေးပါ။ ဒါဟာနှစ်ဦးသားအတွက် ပျော်ရွှင်စရာကောင်းသလို သံယောဇဉ်လည်း ပိုတိုးစေပါတယ်။

၅။လက်ဆောင်လေးတွေပေးပါ။

တန်ဖိုးကြီးတဲ့အရာကမှ လက်ဆောင်မဟုတ်ပါဘူး။ ကိုယ့်ချစ်သူဇနီးမယား ကြိုက်တတ်တဲ့ အရာလေးတွေ ကို သေချာမှတ်ထားပြီး အနည်းဆုံး တစ်လကို တစ်ခါလောက် လက်ဆောင်လေးတွေ ပေးပေးပါ။ သူ မပျော်ရွှင်ကြည်နူးသွားတဲ့အခါ ကိုယ်လည်း အဲ့ဒီပျော်ရွှင်မှုတွေကို ထပ်တူခံစားရမှာဖြစ်ပါတယ်။

၆။ကလေးတွေမပါပဲ နှစ်ဦးသား ပျော်ရွှင်ကြည်နူးစရာ အချိန်တွေကို ဖန်တီးပါ။

သားသား၊ မီးမီးတွေနဲ့ အလုပ်တွေရှုပ်နေတာမို့ ကိုယ့်အမျိုးသားကို ပစ်ထားမိတာမျိုးတွေ ဖြစ်တတ်ပါ တယ်။ ကလေးတွေကို အာရုံပိုစိုက်လေလေ၊ အမျိုးသားအတွက် အချိန်မရှိလေလေပါပဲ။ ဒီလိုမျိုးမဖြစ် ရအောင် ကလေးတွေအတွက် အချိန်ပေးသလို ကိုယ့်အမျိုးသားနဲ့ နှစ်ဦးသား အတူတူနေနိုင်မယ့် အချိန်ကို ဖန်တီးပါ။ တစ်ခါတစ်လေ ကလေးတွေ မပါဘဲ အပြင်သွားတာမျိုးတွေလည်း လုပ်ပေးနိုင်ရင် ကောင်းပါ တယ်။

၇။အိမ်အလုပ်၊ အိမ်မှုကိစ္စတွေကို အတူတူလုပ်ပါ။

အိမ်အတွက် လိုအပ်တဲ့ တစ်ချို့အရာဝယ်ခြမ်းမယ်ဆိုရင် သူ့ကိုခိုင်းပါ။ အိမ်သန့်ရှင်းရေးအတွက်တော့ အတူတူလုပ်ကြပေါ့။ ခြံထဲမှာ ပန်းပင်တွေစိုက်တာမျိုးဆိုရင်လည်း အတူတူလုပ်လို့ရတာပဲ။ ကလေးကျောင်းသွားကြိုတာမျိုး သူလုပ်တယ်ဆို ၊ ဖုန်းဘေလ်သွားဆောင်တာမျိုး ကိုယ်လုပ်လိုက်ပေါ့။ အိမ်မှာရှိနေတဲ့အချိန်မျိုး အလုပ်တစ်ခုကို အတူတူလုပ်တာမျိုးကလည်း သံယောဇဉ်ကြိုးတွေ ပိုခိုင်စေပါ သတဲ့။

၈။တစ်ဦးနဲ့တစ်ဦးဆွဲဆောင်မှုရှိနေပါစေ။

တစ်ဦးနဲ့တစ်ဦးဆွဲဆောင်နေဖို့ဆိုတာ လိင်ဆက်ဆံတာတစ်ခုတည်းနဲ့ မပတ်သက်ပါဘူး။ နှစ်ဦးသား သံယောဇဉ် ပိုမိုခိုင်မြဲဖို့ဆိုရင် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း ပိုမိုနွေးနွေးထွေးထွေး နေပေးဖို့လို ပါတယ်။ တစ်ယောက်လက် တစ်ယောက်တွဲပြီး လမ်းလျှောက်တာမျိုး၊ ထွေးထွေးပွေ့ပွေ့နေတာမျိုး၊ မကြာ ခဏ ပွေ့ဖက်တာမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုပိုရှိစေသလို သံယောဇဉ်ပိုတွယ်စေပါတယ်။

၉။အရေးမပါတဲ့နောက်ကြောင်းတွေကို မေ့လိုက်ပါ။

အရင်တုန်းက ဖြစ်ခဲ့တဲ့ ရန်ပွဲတွေမှာ ပြောခဲ့တဲ့ စကားလုံးတွေကို မေ့လိုက်ပါ။ ရှေ့ရေးမှာ သာ ယာပျော်ရွှင်ချင်တယ်ဆိုရင် အရေးမပါတဲ့ နောက်ကြောင်းတွေကို မေ့ပစ်လိုက်ဖို့လိုက်ပါတယ်။


Ref:womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...