သင့်နှုတ်ခမ်းလေး ကျမ္မာစေချင်



ပန်းနုရောင် နှင်းဆီဖူးလေးလို နှုတ်ခမ်းသား လှလှပိုင်ဆိုင်ချင်တာ အမျိုးသမီးတွေရဲ့ အိပ်မက်ပါ။ ဒါကြောင့် လည်း လှသထက်လှ အောင် အရောင်စုံ၊ တံဆိပ်စုံ နှုတ်ခမ်းဆိုးဆေးတွေ ကိုသုံးနေုကြရပါတယ်။ တစ်နေ ကုနု မိတ်ကပ် လိမ်းချယ်ပြီးနောက်၊ ညဘက် မှာ မျက်နှာအသားအရေ ထိန်းလိုးရှင်း၊ ကရင်မ်လိမ်းကြပေ မယ့် နှုတ်ခမ်းသားလေး ကျမ္မာဖို့  ထိန်းသိမ်းနည်းကိုတော့ အလှပမြတ် နိုးသူ ပျိုပျိုမေအားလုံးနီးပါး မေ့လျော့နေကြပါတယ်။ နှုတ်ခမ်းဆိုးဆေး တာရှည်ခံအောင် ခဲသတ္တုတွေထဲ့သုံးဖော်စပ်ထား လေ့ရှိ တာကြောင့်၊ နေ့စဉ်ရက်ဆက် နှုတ်ခမ်းဆိုးပြီး ကြာလာတဲ့အခါ နှုတ်ခမ်းသား အပေါ်ယံ အရေခွံတွေ ပက်ကျားအက်၊ အဖတ်လန် ပြီး၊ တချို့ မိန်းကလေးတွေမှာ နှုတ်ခမ်းသား အရောင်ဖျော့တော့ သွား တာတွေ၊ တချို့ မှာတော့ နှုတ်ခမ်းသားအရောင် မစိုပြည်တော့ဘဲ ညိုမှောင်လာတာတွေ ဖြစ်လာပါတယ်။

အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက ကမ္ဘာကျော် နံမည်ကြီးတံဆိပ် နှုတ်ခမ်း ဆိုးဆေး(၉)မျိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ခဲသတ္တု အမြောက်အများ ပါဝင်နေ တာတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းဆိုး ဆေးစွဲမြဲစေပြီး နှုတ်ခမ်းသားပေါ်မှာ တာရှည်ခံအောင် ခဲဓာတ်ကို သုံးလေ့ရှိကြရာ၊ အဲဒီခဲဓာတ်များက နှုတ်ခမ်းကင်ဆာရောဂါ ဖြစ်စေတဲ့ cinogen(ခေါ်) ဓာ တုဗေဒပစ္စည်း ဖြစ်နေပါတယ်တဲ့။ ခဲဓာတ်ပါဝင်မှုများလေ၊ နှုတ်ခမ်းကင်ဆာဖြစ် နိုင်ချေအလားအလာ ပို များလေပါ။ အထူးသဖြင့် အနီရောင်ရဲရဲ နှုတ်ခမ်းဆိုးဆေးမှာ ခဲသတ္တုပါဝင်မှုအများဆုံးပါဘဲတဲ့။

"၀ယ်ခါနီး လက်ခုံပေါ်နှုတ်ခမ်းဆိုးဆေးတို့ ကြည့်ပါ။ အကယ်၍ နှုတ်ခမ်းဆိုးဆေး အရောင်က မူလ အရောင်မှ အမဲရောင်သို့  ပြောင်းသွားရင်၊ အဲဒီအထဲမှာ ခဲဓာတ်တွေပါနေလို့  မ၀ယ်ပါနဲ့  " လို့  Dr. Elizabeth Ayoub က အကြံပြုထားပါတယ်။

ကျမ္မာလှပတဲ့ နှုတ်ခမ်းသားလေးဖြစ်စေဖို့ အောက်ပါ သဘာဝနည်းလမ်း (၃) သွယ်ကို မျှဝေလိုက် တယ်နော်။

(၁) ညအိပ်ခါနီး ပျားရည်ဖြင့် နှုတ်ခမ်းသားထဲ စိမ့်ဝင်အောင် ခပ်ဖွဖွပွတ်လူးပေးပါ (နှုတ်ခမ်းကိုရေမဆေး ဘဲ၊ ဒီအတိုင်းအိပ်ပါ) အိပ်ယာထတဲ့အခါမှာ သင့်နှုတ်ခမ်း၂-လွှာ ခြောက်သွေ့ ခြင်းလုံးဝမရှိတော့ဘဲ၊ နူးညံ့ စိုပြေသွားပါလိမ့်မယ်။

(၂) သံပုရာသီးကို ထက်ခြမ်းခြမ်း၊ ခပ်ပါးပါးလှီးပြီးတော့ နှုတ်ခမ်းပေါ် စက်ဝိုင်းသဏ္ဍာန် ပွတ်တိုက်ပေးပါ။ သင့်နှုတ်ခမ်း ၂-လွှာမှာ တနေကုန်ဆိုးထားတဲ့ ခဲဓာတ်တွေပြောင်စင် သွားပြီး၊ နှုတ်ခမ်းသားလေး တင်းရင်း လာစေပါလိမ့်မယ်။

(၃) အလှဆီရည် နဲ့ သံပုရာရည်ကို ဆတူရောပြီး၊ နှုတ်ခမ်းကို လိမ်းပေးပါ။ ခဲဆိပ်ကြောင့် ညိုမှောင်သွား တဲ့ နှုတ်ခမ်းသား ၂-လွှာ ပြန်လည်အရောင်စိုပြေ သွားပါလိမ့်မယ်။


(ဆောင်းပါးရှင်...တင်ထက်ထက်ဇော်... .မျှဝေသည်)

(မှီငြမ်း။ Beauty Mantra on 15th August 2013)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...