ဘေးကျပ်နံကျပ် အခက်တွေ့နေသူများအတွက် ယတြာ



ဤယတြာကို စီးပွားရေး လုပ်ငန်းအဖြာဖြာတွင် ဘေးကျပ်နံကျပ် ဖြစ်၍ အတိဒုက္ခရောက်နေ သူများအ တွက် အားကိုးစရာ ကံကြမ္မာအလှည့်အပြောင်း တစ်ချက်ကောင်း ကြုံစေရန် မည်သူမဆို ဆောင်ရွက်နိုင် သည်။ အဆင်ပြေချောမောနေသူများ လုပ်စရာမလိုပါ။ စီးပွားပျက်၊ အလုပ်ပြုတ်၊ အိမ်တွင်းရေး မသာယာ၊ အကြွေးပူ၊ အိမ်ထောင်ရေး မကောင်း၊ လူမှု့ရေး အနှောက်အယှက်များ ၊ အမှု့အခင်းကြုံ ဆိုးခြင်းအဖြာဖြာ ဥပါဒ်အသွယ်သွယ်နှင့် ရင်ဆိုင်နေရ၍ ကိုယ့်ကိုကို သတ်သေချင်လောက်အောင် စိတ်ညစ် စိတ်ဓာတ် ကျနေသူများ ဆောင်ရွက်လိုက်ပါ။ မုချ မလွဲမသွေ စိတ်ချမ်းမြေ့စရာများနှင့် အဆင်ပြေရန် အကြောင်းအ ရာများ ပေါ်ပေါက်လာပါလိမ့်မည်။

လုပ်ရမည့်ယတြာ

အစွန်းအထင်းကင်းစင်သော လျှောက်လွှာစက္ကူဖြူ တစ်ခုအား ကတော့ထိုးပါ။ ၎င်းစက္ကူကတော့ အတွင်း၌ ပိတောက်ညွန့် (၁၂)ညွန့် ထည့်ပါ။ ထန်းလျှက်ခဲ (၁၁)ခဲ ထည့်ပါ။ ထို့နောက် နဂါးရုံဘုရား တစ်ဆူဆူတွင် နေ့သားအလိုက် သတ်မှတ်ထားသော အချိန်တွင် သွားရောက်လှူဒါန်းပူဇော် ဆုတောင်းပါ။

နေ့သားအလိုက် ဆောင်ရွက်ရမည့် အချိန်များ

တနင်္ဂနွေသားသမီးများ - တနင်္လာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
တနင်္လာသားသမီးများ - အင်္ဂါနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
အင်္ဂါသားသမီးများ - ဗုဒ္ဓဟူးနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
ဗုဒ္ဓဟူးသားသမိးများ - ကြာသပတေးနေ့ နံက် ၉း၀၀ မှ ၁၀း၃၀ ကြား
ကြာသပတေးသားသမီးများ - သောကြာနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
သောကြာသားသမီးများ - စနေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား
စနေသားသမီးများ - တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ ကြား

နဂါးရုံဘုရားတွင်ပူဇော်သောအခါ နေအိမ်အနီး တွင်ရှိသော ဘုရားတွင် ပူဇော်၍လည်း ရပါသည်။

(လိုအပ်သည့်ယတြာပစ္စည်းများအား ယတြာအရောင်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။)

အားလုံးဘေးကျပ်နံကျပ် အဆင်မပြေမှုများမှ ကင်းဝေးကြပါစေ။


မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...