ကုသိုလ်စိတ်ဖြင့် စားကြည့်ပါ



ခံတွင်းမတွေ့ တဲ့အခါမျိုး(သို့ မဟုတ်)မိမိစိတ်နှင့် အကြိုက်မတွေ့ တဲ့အခါမျိုးတွေမှာ ထိုအစာ စားကို “ ဟွန့် ဘယ်လို လက်ရာကြီး မှန်း မသိဘူး၊ မြိုချလို့ ကို မရဘူး၊ တောလက်ရာကြီး၊ ဘာလိုနေ မှန်းကို မသိဘူး၊ စားဖူးသမျှထဲမှာတော့ အညံ့ဆုံးဘဲ ” စသည်ဖြင့် ချက်ပြုတ်ပြင်ဆင်ပေးသူကို ငြိုငြင်မိတာမျိုး ကြုံဖူးကောင်း ကြုံဖူးကြမှာပါ။ ထို့ နည်းတူ မိမိအကြိုက်နဲ့  ကိုက်ညီတဲ့အခါမျိုးမှာေ တာ့ “ ကောင်းလိုက်တာ ဂွဒ်ရှယ် ဘဲ… နောင်လဲ အဲလို အရသာရှိတာလေးတွေ လုပ်ေ ကျွးဦးနော် ” ဆိုပြီး ပူဆာတတ်ပြန်ပါတယ်။

တရားသဘောအရ ဆင်ခြင်ကြည့်မယ်ဆိုရင်ဖြင့် အစားအစာပေါ်ငြိုငြင်စွာ စားသောက်ခြင်း က “ ဒေါသ (အ)ကုသိုလ် စိတ်ဖြင့် စားနေခြင်းသာ ဖြစ်ပါတယ် ” တကယ်တော့ လက်ရာ ဘယ်လောက်ပင် ညံ့နေ ပါစေ… “ ကိုင်း စားပြီးတော့လဲ ပြီးသွားတာပါဘဲ၊ အလုပ်တစ်ခု ပြီးသွားတာပေါ့၊ စားမကောင်းလို့ အာသာမပြေသေးလဲ ဌက်ပျောသီးလေး … ဒါမှမဟုတ် ကော်ဖီလေး ဖြစ်ဖြစ် ကြိုက်တာ တစ်ခုခုစားလိုက် ရင် တင်းတိမ်သွားမှာဘဲလေ ” ဟူ၍ ထိုအစာပေါ် ငြိုငြင်စိတ် ကို တိကနဲ ဖြတ်ချသင့်ပါတယ်။ ဒါဆိုရင် ဒေါသ(အ)ကုသိုလ်စိတ်လည်း ပျောက်သွားမှာဖြစ်သလို၊ မိမိအတွက် အစားအစာတွေကို ချက်ပြုတ်ပြင် ဆင်ပေးသူ အပေါ်မှာ ၀စီကံ မနောကံတို့ ဖြင့် မမှားမိစေတော့ပါဘူး။

အဲ…အစားအစာပေါ် တပ်မက်ခုံမင်စွာဖြင့် စားသောက်ခြင်းကလည်း တရားသဘောအရရှုရင် “ လောဘ (အ)ကုသိုလ်စိတ်ဖြင့် စားနေခြင်းသာ ဖြစ်ပါတယ် ” ဥပမာ ကြက်သားဟင်း လက်ရာလေးက စားကောင်းတယ်ဆိုပါစို့ …ကောင်းလိုက်တာ…နောင်လဲ အဲလိုမျိုး ခဏခဏ လုပ်ကျွေးဦးနော်…လို့ တောင်းဆိုလိုက်ခြင်းက လောဘစိတ် တက်နေလို့ ပါဘဲ။ ဒါ့ပြင် လူသား တို့ အာဟာရ ဖြစ်စေဖို့ အတွက် နောင်လာလတ္တံသောအချိန်မှာ အသက်စတေးရတော့မည်ြ ဖစ်တဲ့၊ လက်ရှိ ပစ္စုပ္ပန်မှာတော့ အသက် ရှိနေသေး သော ကြက်သတ္တ၀ါတွေအပေါ် သွယ်ဝိုက်ေ သာနည်းအားဖြင့် မနောကံ ၀စီကံတို့ ဖြင့် ငရဲယူလိုက်ခြင်းသာ ဖြစ်ပါတယ်။

တကယ်တမ်း စဉ်းစားကြည့်တဲ့အခါမှာ ကြိုက်လို့ စားသည်ဖြစ်စေ၊ မကြိုက်ဘဲ စားနေရသည်ဖြ စ်စေ ခံတွင်းထဲကအစာတွေကို မျိုချပြီးတဲ့နောက်မှာတော့ ယင်းအစာများအားလုံးဟာ လည်ေ ချာင်း-အစာအိမ်-အူသိမ်-အူမ တွေထဲ အဆင့်ဆင့်ကျော်ဖြတ်ပြီး၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကိုစုပ်ယူ နောက် ဆုံးမှာတော့ မလိုအပ်တာတွေကို ဆီး၊ ၀မ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်၊ ပြည်ပုပ်တွေအဖြစ် စွန့် ထုတ်ပစ်လိုက် ရတာပါဘဲ။ ဒါကြောင့် ၁-ထွာ ၁-မိုက်တောင် မရှည်တဲ့ လျှာတစ်ချောင်းပေါ်မှာ ချို-ချဉ်-စပ်-ဖန်-ခါး-ဆိမ့် တွေကို အာခေါင်နှင့်ပွတ်ချေကာ အရသာခြံ ပီး လောဘ ဒေါသတွေနှင့် မစားကြဘဲ၊ ကုသိုလ်စိတ်ဖြင့်သာ စားကြည့်ပါလို့  တိုက်တွန်းလိုက် ပါရစေရှင်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
*promise.pauk*
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...