တက်စီ၊ လိုင်းကား ဘုရားဖူးကား စသည့် ကားလုပ်ငန်းများနှင့် ပါတ်သက်၍ အောင်မြင်စေသော ယတြာ

အောက်ပါ ယတြာကို ကားလုပ်ငန်းနှင့် အသက်မွေး ၀မ်းကြောင်းပြုေ နသောမည်သူမဆို ဆောင်ရွက်နိုင် ပါတယ်။ ခရီးသည် တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူး ခရီးပို့ဆောင်ရေး ကား ပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ မိမိတို့ ကား အပျက်အစီးကင်းစွာ ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း
ယတြာပြုလုပ်ပုံ
ဘုရားပွဲဈေးများ၊ ဘုရားစောင်းတန်းများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ကားနောက်ကြည့်မှန်တွင် ချိပ်စွဲထားလိုက်ပါ။ နောက်ပြီး ချွန်ပြီးသား ခဲတံတစ်ချောင်းကို ကားစတီယာရင်ရှေ့က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ခေါက်ပေးပါ။
အခက်အခဲများပြေလည်၍ လုပ်ငန်းသိသိသာသာ တိုးတက်လာပါလိမ့်မည်။
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)