အိမ်သာထဲကျသွားတဲ့ဖုန်းကို ပြန်လည်ဆယ်ယူရာ လက်ပြန်ထုတ်မရလို့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ပေးခဲ့ရ


အေသင်အောင်

တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ အိမ်သာထဲကျသွားတဲ့ ဖုန်းကို ပြန်လည် ဆယ်ယူရာ လက်ပြန် ထုတ်မ ရတာကြောင့် မီးသတ် တပ်ဖွဲ့ဝင်တွေ လာရောက် ကယ်တင်ပေးခဲ့ရကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ၊ Sichuan အရပ်ဒေသမှာရှိတဲ့ အများသုံး သန့်စင်ခန်းမှာ ချောင်ဟို အမည်ရ အမျိုးသား တစ်ဦးဟာ အိမ်သာတက်နေစဉ် သူငယ်ချင်းဖြစ်သူနဲ့ ဖုန်းပြောရာက တစ်ဆင့်ဖုန်းက အိမ်သာ ပေါက်ထဲ ကျသွားခြင်း ဖြစ်ပါတယ်။ ချောင်ဟိုဟာ အသစ်စက်စက် စမတ်ဖုန်းကို နှမြောတာကြောင့် လက်နဲ့ ဆယ်ယူဖို့ ကြိုးစားရာမှာ လက်က ပြန်ထုတ် မရတာမို့ ပတ်ဝန်းကျင် အကူအညီ တောင်းခံရခြင်း ဖြစ်ပါ တယ်။

ချောင်ဟိုက ကျွန်တော် ကံမကောင်းခဲ့ပါဘူး။ ကျွန်တော့်လက်တွေ ရောင်ရမ်းနေပါတယ်။ ဖုန်းကိုပြန် ဆယ်ဖို့ ကြိုးစားရာမှ အညစ်အကြေး တွေကြောင့် ဆိုးရွားတဲ့ အနံ့တွေကို ရရှိခဲ့ပါတယ်။ ဒီနောက် မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ကယ်ဆယ်ပေးခဲ့ ရပါတယ်။ စုစုပေါင်း (၆) နာရီနီးပါး ကြာမြင့် ခဲ့ပါတယ် လို့ ပြောကြားသွားပါတယ်။ ချောင်ဟိုက သူ့ရဲ့ဖုန်းဟာအသစ် ဖြစ်ကြောင်း အခင်းဖြစ်စဉ်က ပတ်ဝန်းကျင်ကို အကူအညီ မတောင်း လိုကြောင်း ဆိုခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက အိမ်သာ တက်နေစဉ်ဖုန်းကို အသုံးပြုတာ အံအားသင့်စရာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...