မူဆိုလီနီ ရုပ်အလောင်းထည့်ထားတဲ့ ဘီဒိုကို လေလံတင်ရောင်းချ


အေသင်အောင်

ဖက်ဆစ်ဝါဒီ တစ်ဦးဖြစ်တဲ့ အာဏာရှင်မူဆိုလီနီ ကွပ်မျက်ခံရပြီး တဲ့နောက် ရုပ်အလောင်းကို ထားရှိခဲ့တဲ့ ဘီဒိုကို လေလံတင် ရောင်းချတော့ မယ်လို့ သိရပါတယ်။ ဒီဘီဒိုကို ebay လေလံတင် ၀က်ဘ်ဆိုက်ဒ်မှာ အရောင်း စာရင်းတင်ထားပြီး ကြမ်းခင်းဈေးကို ဒေါ်လာ (၃၀၀၀) စတင် သတ်မှတ် ထားပါတယ်။ မူဆိုလီနီရဲ့ ရုပ်အလောင်းကို ဘီဒိုထဲမှာထည့်ပြီး (၁၁) နှစ်နီးပါး အီတလီ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ လျှို့ဝှက်စွာ ထားခဲ့တာ ဖြစ်ပါတယ်။ ဘီဒိုရဲ့ တန်ဖိုးဟာ ဘာမှမရှိပေမယ့် ဖက်ဆစ် အာဏာရှင် တစ်ဦးရဲ့ ရုပ်အလောင်းကို ထည့်သွင်းခဲ့ တာမို့ အမှတ်တရ စုဆောင်းလိုသူ အတွက် တန်ဖိုးကြီး ပေးဝယ်ရတဲ့ အရာဖြစ်သွားခဲ့ တာပါ။

၁၉၄၆ ကနေ ၁၉၅၇ ကာလ အတွင်း မူဆိုလီနီရဲ့ ရုပ်အလောင်းကို ဘီဒိုထဲမှာ ထည့်ထားခြင်း ဖြစ်ပြီး ဒီဘီနီကို မူဆိုလီနီ မိသားစု နေထိုင်တဲ့ လွန်ဘာဒီမြို့မှာ ၀ယ်ယူစုဆောင်းခဲ့တာ ဖြစ်ပါတယ်။ မူဆိုလီနီ ရုပ်အလောင်းကို မီလန်မြို့ အနီးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ ထားရှိခဲ့တာ ဖြစ်ပြီး ကာလတွေကြာ ပြီးတဲ့နောက် သူ့ရဲ့မွေးရပ်မြေ ပြောင်းထားဖို့ အာဏာပိုင်တွေက ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...