ရွှေလက်တွဲဖို့ ငယ်သေးတယ်ဆိုတဲ့ အေသင်ချိုဆွေ



လူငယ်ကြိုက် အဆိုတော်မလေး အေသင်ချိုဆွေက ချစ်သူနဲ့ ရွှေလက်တွဲကြဖို့ ငယ်သေးတဲ့အတွက် ရင့်ကျက် လာတဲ့အရွယ်ထိ စောင့်ရအုံးမယ်လို့ ဆိုပါတယ်။

“တို့နှစ်ယောက်ရွှေလက်တွဲဖြစ်ဖို့ ဘယ်တော့လောက်ဖြစ်မလဲဆိုတော့ သူလည်းငယ်သေးတယ်။ ကိုယ် လည်းငယ်သေးတယ်။ သူကလည်း အမေရိကားကိုပြန်ရအုံးမှာ။ အများကြီးလိုပါသေးတယ်။ နှစ်ယောက် စလုံးကလည်း မရင့်ကျက်သေးဘူးဆိုတော့ ညှိလို့မရတဲ့အပိုင်းတွေ အများကြီး၊ တကျက်ကျက် ရန်ဖြစ် လိုက်၊ ပြန်တည့် လိုက်နဲ့ ”လို့ အေသင်က ဆိုပါတယ်။

သူတို့နှစ်ယောက်က မတူတာတွေများလို့ ခဏခဏရန်ဖြစ်နေပေမယ့် တူတာတစ်ခုကတော့ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြတာပဲလို့ဆိုတဲ့ အေသင်က သူ့ရဲ့စီးရီးသစ် Play Boy မိတ်ဆက်ပွဲမှာ စာနယ် ဇင်းတွေကို သူ့အချစ်ရေး အကြောင်း ပြောသွားတာဖြစ်ပါတယ်။

သူ့ရဲ့ Play Boy အခွေကတော့ ၂၀၁၀ ခုနှစ်လောက်ကတည်းက လုပ်ထားတဲ့သီချင်းတွေနဲ့ သီချင်းသစ် လေးတွေ ထပ်ဖြည့်ထားပြီး သူဆိုနေကျမဟုတ်တဲ့ သီချင်းပုံစံလေးတွေလည်းပါတယ်လို့ ဆိုပါတယ်။ လက်ရှိ အခွေမှာ သူ့စိတ်တိုင်းကျချည်းရွေးထားတာမဟုတ်ဘဲ သူ့စိတ်ကြိုက်နောက်တစ်ခွေလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အေသင်ချိုဆွေက ပေါက်တဲ့အိုးစီးရီးနဲ့ ဂီတလောကထဲဝင်ရောက်လာသူဖြစ်ပြီး ပရိတ်သတ်အများစုရဲ့ အားပေးမှု ရရှိထားသူလည်းဖြစ်ပါတယ်။


ရဲရင့်မင်းခန့်(မြစ်မခ)
Shwe Myitmakha Media Group
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...