ကိုယ်ဝန်ဆောင်များ စိတ်ရွှင်လန်းစေချင်

အရွယ်ရောက်ပြီး အမျိုးသမီးများ အဖို့ အချိန်တန် အခါသင့်ပြီ ဆိုပါက ဘ၀အိမ်ထောင်ကို ထူထောင် ကြရစမြဲပါ။ လောက ဓမ္မတာအရ အဖိုနှင့် အမ ပေါင်းသင်း ဆက်ဆံကြရာဝယ် အမျိုးသမီး များက လူသားတို့  မျိုးဆက် တာဝန်ကို မိခင်လောင်း အဖြစ် ကိုယ်ဝန် ဆောင်ပေးကြ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုး သမီးတွေအတွက် စိတ်လှုပ်ရှားဖွယ် ကောင်းသလို၊ တပြိုင်တည်း မှာဘဲ စိတ်ကြည်နူးခြင်း၊ ၀မ်းနည်းခြင်း၊ စိုးရိမ် အားငယ်ခြင်း၊ အလိုလိုဒေါသ ထွက်ခြင်း၊ အစာစားချင် စိတ်မရှိခြင်း၊ စိတ်ဓာတ် ကျခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာများကြုံတွေ့  ခံစားရလေ့ရှိပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ် ဇီဝကမ္မပြောင်းလဲ သွားခြင်းကြောင့် ကိုယ်အလေးချိန် တိုးလာခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊ ဟိုမုန်းပြောင်း လဲ၍ အိပ်မပျော်ခြင်း၊ ဆံပင်ကျွတ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း မွေးဖွားခါနီးထိ ကြုံတွေ့ ရ တတ်ပါတယ်။ အောက်ပါနည်းလမ်း (၁၃) သွယ်က မိခင် လောင်းများ စိတ်ရွှင်လန်းစေဖို့ အတွက် အေ ထာက်အပံ့ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

(၁) အချို့ သော မိခင်လောင်းများဟာ ရင်သွေးကို ၀မ်းတွင်လွယ်ရသော ပထမ ၃-လတာကာ လအတွင်း ပျို့ အန်တဲ့ ဝေဒနာကို ခံစား ကြရပါတယ်။ ထိုဝေဒနာမှ ကင်းဝေအောင် (က) လတ် လတ် ဆတ်ဆတ် ကျိုချက်ထားတဲ့ နွားနို့ ၁-ခွက်ထဲကို ထန်းလျက် ၁-ခဲ(သို့ မဟုတ်)၂-ခဲထုချေ၍ ထဲ့ဖျော်သောက်ပါ (ခ) ထမင်းစားဇွန်း ၁-ဇွန်းပမာဏရှိသော ဥသျှစ်သီးမှည့် နှင့် သကြားတို့ ကို ဆ တူရော၍ ဆန်ဆေးရည် ၁-ခွက်ထဲသို့  ရောဖျော်သောက်ပါ (ဂ) သင်္ဘောသီးမှည့်ကို နံက် တိုင်းစားပေးပါ။

(၂) ထို့ နည်းတူ ကိုယ်ဝန်ဆောင် ပထမ ၃-လတာအတွင်း ဟော်မုန်းအဆင့်မြင့်တက်လာ တာကြောင့် လည်း စိတ်ပင်ပန်းနွမ်းနယ် လာပြီး ခေါင်းကိုက်ဝေဒနာခံစားရတတ်တာပါတယ်။ အနားများများယူပေးပါ။

(၃) ကိုယ်ဝန်ရင့်လာလေ ခန္ဓာကိုယ် တဖြည်းဖြည်းကြီးထွားလာလေဖြစ်တာကြောင့် သွေးထဲမှာ သကြား ဓာတ်ပမာဏ နည်းလာ ပြီး မူးဝေလာတတ်ပါတယ်။ ဒါကြောင့် သွေးအတွင်း သကြား ဓာတ်ပုံမှန်ရရှိစေဖို့ အတွက် နည်နည်းနှင့် မကြာခဏဆိုသလို အစာ စားပါ။

(၄) စိတ်ဖိစီးမှုများခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ က မိခင်လောင်း၏ ဦးနှောက်ေ သွးကြောတွေ ကို ရောင်ရမ်းစေတတ်လို့ ၊ ရေများများသောက်ပေးပါ။

(၅) ၂၁-ရာစု အမျိုးသမီးအများစုဟာ ကော်ဖီကိုပုံမှန်သောက်သုံးသူများဖြစ်ပါတယ်။ ကိုယ်ဝန် လွယ်ရတဲ့ အခါ ကဖိန်းဓာတ် ရုတ် တရက်ဖြတ်လိုက်ခြင်းကြောင့် ခေါင်းကိုက်၍စိတ်နောက် ကျိလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီမသောက်သင့် သော်လည်း စိတ်ဖိစီးမှုပြေလျော့စေဖို့ အတွက် တဖြည်းဖြည်းချင်းကော်ဖီလျော့သောက်၍ ဖြတ်ပေးပါ။

(၆) များသောအားဖြင့် သားဦးကိုယ်ဝန်ဆောင်သူ မိခင်လောင်းများမှာ စိတ်ထိခိုက်လွယ်ကြပါတယ်။ အဲဒီလိုမဖြစ်ရအောင် အသက်ပြင်းပြင်း ရှုသွင်း ရှုထုတ်လုပ်ပါ။ စိတ်ငြိမ်အောင် တရားမှတ်ပါ။ အဓိဌာန် ပုတီးစိပ်ပါ။ ပရိတ်တရားကြားနာပါ ရွတ်ဖတ်ပါ။

(၇) ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာအပူချိန်မြင့်တက်လာတာကြောင့် ရေမှန်မှန်ချိုးဖို့ လို အပ် ပါတယ်။ ပူအိုက်သော်လည်း အ ကြောင်း အမျိုးမျိုးကြောင့် ရေမချိုးဖြစ်ပါက မျက်နှာ နှင့် နဖူးပေါ်မှာ စိုစွတ်တဲ့ အ၀တ်စ တစ်စကပ်ပေးပါ။

(၈) တစ်နေ့ ကို နာရီဝက်ခန့်  လမ်းမှန်မှန်လျှောက်ပါ။ အဲဒီလို လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်မှ အန်ဒေါ်ဇင်ဟော်မုန်းကို ထုတ်ပေးတာကြောင့် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန် လာပြီး မွေးဖွာစဉ် နာကျင်ခြင်းဝေဒနာကို လျော့ပါးသက်သာစေပါ တယ်။

(၉) ကိုယ်ဝန်ကိုလက်ဖြင့် အသာပွတ်၍ ဘုရားစာဆိုပေးခြင်း၊ မိမိရင်သွေးကို မည်မျှချစ်ခင်မျှော် လင့်နေကြောင်း အားပေးစကား ပြောပေးခြင်း စသည်တို့ ကို မကြာခဏလုပ်ပေးပါ။ ဒီနည်းက စိတ်ဖိ စီးစေတတ်သော ဟိုမုန်းထွက်ရှိမှုကိုပြေလျော့စေတဲ့အပြင်၊ မိခင်နှင့် ရင်သွေးငယ် တို့ ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေပါတယ်။

(၁၀) မီးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့ အကြုံရှိသူများ၏စကားများ နှင့် ကျန်းမာရေးသုတစာများကို နှိုင်းယှဉ် ဖတ်ရှုပြီးနောက် နားဝေတိမ်တောင် ဖြစ်သွားတတ်ပါတယ်။ ခေါင်းအေးအေးထားပါ။ မိမိ ကိုယ်ဝန်ထားအပ်သော ဆရာဝန်၏ညွှန်ကြားချက် အတိုင်းသာ လိုက်နာပါ။

(၁၁) သားဦးကိုယ်ဝန်ဆောင်ရသူများအဖို့ မီးဖွားခြင်းအတွေ့ အကြုံမရှိသေးတာကြေင့်လည်း စိုးရိမ်ပူပန်မှု မရှိပါနှင့်။ ခေတ်မှီဆေး သိပ္ပံနည်းပညာများ တိုးတက်ခေတ်မှီနေသည့်အတွက် "ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ" ဆိုတဲ့ စကားကို ရာဇ၀င်ထဲမှာသာ ထားရစ်ခဲ့ပါတော့။

(၁၂) ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးလာခြင်း နှင့် ဗိုက်ကြောများပြတ်ခြင်းတို့ ကြောင့် အလှ ပျက်မှာကိုတွေးမပူပါနှင့်။ ဒါ ယာယီသာဖြစ်ပြီး၊ ကလေးမွေးပြီးနောက် ကာလတစ်ခု အကြာမှာ ဗိုက်ကြောပြတ်တာတွေက သူ့ အလိုလိုပြေပျောက်သွားသလို၊ ကိုယ်အလေး ချိန် လျော့ကျသွားအောင် လည်း ပြန်လည်ပြုပြင်လို့ ရပါတယ်။

(၁၃) အာထရာလ်စောင်းကြည့်၍ မွေးလာမည့်ကလေးကို သားသား၊ မီးမီး ကြိုတင်ခန့် မှန်းလေ့ ရှိကြ ပါတယ်။ သို့ သော် အာထ ရာလ်စောင်း အဖြေက ၁၀၀ ရာခိုင်နှုန်းမမှန်တတ်တဲ့ သာဓက များရှိတာကို သတိချပ်ပါလေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...