ဂျပန်က စက်ရုပ်စားသောက်ဆိုင်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဟာ သာမန်ဆိုင်တွေလို မဟုတ်ဘဲ အမြဲတမ်း စည်းကားနေ တာတွေ့ရမှာ ဖြစ်ပါတယ်။ တိုကျိုမြို့၊ ကာဘူကီချို အရပ် ဒေသက မြေအောက် ခန်းထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ညစဉ်လာရောက်တဲ့ ဧည့်သည်တွေနဲ့ ပြည့် နေကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီစားသောက်ဆိုင်ကို ဒေါ်လာ (၁၀)သန်း အကုန်ကျခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ စက်ရုပ် စားသောက်ဆိုင်လို့ အမည် ပေးထားတဲ့ ဒီဆိုင်ဟာ အမည် နဲ့ လိုက်အောင် စက်ရုပ်တွေက ၀န်ဆောင်မှု အမျိုးမျိုး ပေးလေ့ရှိပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်ပေါင်းများစွာရှိ ပြီး ကခုန်ခြင်း၊ အောက်ဆင်းခိုင်းခြင်း စတာ တွေကိုလည်း ပြုလုပ်ခိုင်းလို့ရပါတယ်။ အထူးသဖြင့် အမျိုး သမီးငယ်တွေ ဟာ စက်ရုပ်တွေ မောင်းနှင်တဲ့ကားကို စီးပြီး ကခုန်မှုပြုလုပ်ခြင်းကို လာရောက်တဲ့ ဧည့် သည်တွေက အကြိုက်တွေ့လေ့ရှိပါတယ်။ ရောင်စုံမီးတွေကြားမှာ စက်ရုပ်တွေဟာ လူသားတွေ စိတ်ကြိုက်ပုံစံမျိုးစုံနဲ့ ဖျော်ဖြေမှုပေးပြီး ချောမောလှပတဲ့ အမျိုးသမီးငယ်တွေရဲ့ ကကွက်တွေနဲ့ ပေါင်းစပ် လိုက်တဲ့အခါ လာရောက်တဲ့ ဧည့်သည်တွေအတွက် မပြန်ချင်လောက်အောင် ဖြစ်သွားစေပါတယ်။ ဒီ စက်ရုပ် စားသောက်ဆိုင်ရဲ့ ဖျော်ဖြေမှုဟာ အမေရိကန်က နာမည်ကျော် စားသောက်ဆိုင်တွေရဲ့ ဖျော်ဖြေ မှုထက် ပိုကောင်းတယ်လို့ ကမ္ဘာ့ လှည့် ခရီးသည်တွေက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စားသောက် ဆိုင် ၀င်ကြေးက ပေါင် (၃၀) ခန့်ရှိပြီး စားပွဲတစ်ပွဲ လက်ဆောင်ပေးတယ်လို့ သိရပါတယ်။ စားသောက် ဆိုင်ကို ၀င်ရာမှာ လုံခြုံရေးကို အထူးကြပ်မတ်လေ့ရှိ ပါတယ်။
The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)