အရှည်ဆုံး၊ အမတ်စောက်ဆုံး၊ အမြန်ဆုံး ရိုလာကော်စတာ

အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက် ပြည်နယ်မှာရှိတဲ့ ရိုလာကော်စတာကြီးဟာ အရှည်ဆုံး၊ အ မတ်စောက်ဆုံး၊ အမြန်ဆုံးစတဲ့ စံချိန် တွေကို တင်ရှိထားကြောင်း သိရပါတယ်။ ဒီရိုလာကော်စတာကို ပြီးခဲ့တဲ့ ကြာသပတေးက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သစ်သားနဲ့ ပြုလုပ်ထားတဲ့ ရိုလာကော်စတာတွေထဲမှာ ကမ္ဘာ့ စံချိန် သုံးခု တင်ရှိခဲ့ပါတယ်။
စိတ်လှုပ်ရှား စရာကောင်းအောင် ပြုလုပ်ထားတာ ဖြစ်ပြီး ပေ (၁၈၀) လောက်ကနေ ရုတ်တရက် ပြုတ်ကျ လာအောင် ဖန်တီးထားတဲ့အပြင် အမြန်နှုန်းကလည်း တစ်နာရီကို (၇၂) မိုင်အထိ ရှိပါတယ်။ အနိမ့်၊ အမြင့်တွေကို တစ်မိနစ်နဲ့ (၁၅) စက္ကန့် ဖြတ်သန်း ပြီးပါက ရင်ခုန်စရာ ကောင်းတဲ့ ရိုလာကော်စတာ စီးနင်းမှု ပြီးစီးသွားမှာဖြစ်ပါတယ်။ အဲဒီရိုလာကော်စတာကို သစ်သားတွေနဲ့ အဓိကထား တည်ဆောက် ထားပေမယ့် ခိုင်ခံ့မှုရှိအောင် သံမဏိတွေကိုလည်း အသုံးပြုထားပါတယ်။ ဒီရိုလာကော်စတာ ဟာ အီလီနွိုက် ပြည်နယ်မှာရှိတဲ့ ရိုလာကော်စတာတွေထဲမှာ (၁၄) ခု မြောက်ဖြစ်ပြီး စီးနင်းတဲ့သူတွေ စိတ် လှုပ်ရှားစေဖို့ ကမ္ဘာ့စံချိန်များချိုးပြီး တည်ဆောက်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။