ကမ္ဘာ့ ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲ

အေသင်အောင်
လာမယ့် သောကြာနေ့မှာ ကမ္ဘာ့ ရုပ် အဆိုးဆုံး ခွေးပြိုင်ပွဲကို ကျင်းပပြု လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ ၁၉၈၈ ကနေ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေ ကဟာ ခွေးတွေကို စိတ်ဝင်စားစရာဖြစ်အောင် အမျိုးမျိုး ဖန်တီး ပြုပြင်လေ့ရှိ ပါတယ်။ ပြိုင်ပွဲမှာ ဆုရရှိတဲ့ ခွေးဟာ ဆုကြေး ဒေါ်လာ (၁၅၀၀) ရရှိမှာ ဖြစ်ပါတယ်။ ချန်ပီယံဆုကို ရွေးချယ်ရာမှာ အချက် လေးချက်ကို အဓိက ထားလေ့ရှိပါတယ်။
အဲဒါတွေ ကတော့ စိတ်ထဲ စွဲထင်နိုင်အောင် ပြုလုပ်ခြင်း၊ ပြိုင်ဘက်တွေနဲ့ မတူညီခြင်း၊ တစ်ဦးချင်း အရည် အသွေးရှိခြင်းနဲ့ လာကြည့်တဲ့သူ တွေရဲ့ တုံ့ပြန်ချက်တွေကို ယူခြင်း စတာတွေ ဖြစ်ကြပါတယ်။ ခွေးတွေ ကို မွေးထားသူတွေဟာ ရုပ်ဆိုးတဲ့ ခွေးတွေကို ချစ်ခင် ကြင်နာမှု မရှိကြပါဘူး။ ဒါကြောင့် ရုပ်ဆိုးတဲ့ ခွေးတွေဟာ စွန့်ပစ်ခြင်းကို ခံနေရပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေ မပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက် နဲ့ ကမ္ဘာ့ ရုပ်အဆိုးဆုံး ခွေးပြိုင်ကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒီပြိုင်ပွဲမှာ ခွေးပိုင်ရှင်ဟာ ဆုတံဆိပ်ရခဲ့ရင် ရုပ်သံကနေ ထုတ်လွှင့်ပြသခံရမယ့် အခွင့်အရေး ရရှိမှာဖြစ်တဲ့အပြင် ခွေးတွေကို ကြင်နာတတ်တဲ့ နှလုံးသားရှိကြောင်းလည်း ပြသခွင့်ရမှာ ဖြစ်ပါတယ်။
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)