“စိတ်ဖြူ နဲ့ စိတ်မဲ”



သူတပါးရဲ့ ဆိုးကွက်၊ မှားကွက်ကလေးတွေကို မြင်တာနဲ့ မငဲ့မကွက် ပြောထွက်ရက်တာဟာ “ကိုယ်ချင်း စာနာမှု” တရားနည်းပါးလို့ပဲ ဖြစ်ပါတယ်။

သူတစ်ပါးရဲ့ ကောင်းကွက်၊ တော်ကွက်ကလေးတွေကို သိလျှက်၊ မြင်လျှက်နဲ့ ထုတ်ဖော် မပြောနိုင် တာကတော့“ဝန်တိုခြင်း”တစ်မျိုးပါပဲ။

ပုံကြီးချဲ့ “ကဲ့ရဲ့ခြင်း” ဟာ “အညွှန့်ချိုးခြင်း” ဖြစ်၍၊ ပုံကြီးချဲ့ “ချီးကျူးခြင်း”ဟာတော့ “မြှောက်စားခြင်း”
ပဲ ဖြစ်ပါတယ်။

“အလွန်အကျွံ့  ပြစ်တင်ခြင်း”ဟာ စိတ်ထားမလှသူရဲ့ စရိုက်ဖြစ်ပြီး၊ ကောင်းကွက်လေးတွေ့တာနဲ့
“တော်လိုက်တာ”လို့ ချီးကျူးတတ်တာကတော့ “ရိုးသားတဲ့သတ္တိ” တစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့်....လူတိုင်းမှာ မကောင်းတဲ့ အချက်လေးတွေ ရှိတတ်ပါတယ်။ “လွယ်လွယ်လေး မကဲ့ရဲ့ မိပါစေနဲ့။ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးဟာ စိတ်ဓါတ်နူးညံ့သူတွေရဲ့ ဘဝညွှန့်ကို ချိုးပစ်သလို” ဖြစ်တတ်ပါတယ်။ 

လူတိုင်းမှာ ကောင်းကွက်လေးတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ရဲ့ ဘာမှမဟုတ်ဘူးထင်ရတဲ့ “ အသိ မှတ်ပြုမှုလေးဟာ လူတစ်ချို့ရဲ့ “မျှော်လင့်ချက်” တွေကို အရောင်တောက်စေပါတယ်။

ကြည့်တတ်၊ မြင်တတ်ရင်၊ နေရာတိုင်း၊ နေ့တိုင်း၊ လူတိုင်းးမှာ ချီးကျူးစရာလေးတွေ တွေ့ရမှာပါ။


အရှင်တေဇာနန္ဒ “စေတနာပန်းခင်း ဆရာတော်”

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...