ရက်တို အစားမစားဘဲ နေခြင်းဖြင့် ကိုယ်ခံအားစနစ် နှိုးဆွရန် ကူညီနိုင်

နှစ်ရက်မှ လေးရက်အထိ အစာမစားဘဲနေခြင်းဖြင့် သက်ကြီး ရွယ်အိုများ၏ ကိုယ်ခံအားစနစ်ကို နှိုးဆွရန်နှင့် ကင်ဆာရောဂါသည် များ ဓာတုကုထုံး၏ ဆိုးကျိုးများကို တိုက်ဖျက်ရန် ကူညီနိုင်သည်။
ကြွက်နှင့် လူတို့ကို ပထမအဆင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအရ အချိန်ကြာကြာ အစာမစား ဘဲနေခြင်းက သွေးဖြူဥအရေအတွက်ကို လျော့ကျသွားစေသည်ဟု တွေ့ရှိရကြောင်း USC Long-evity Institute ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဗောလ်တာလွန်ဂိုက ပြောသည်။
အစာမစားဘဲ နေခြင်းဖြင့် သွေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော သွေးနီဥပင်မဆဲလ်များ အတွက် လမ်းကြောင်းများ ပြောင်းလဲမှုကို လျင်မြန်စွာ အားဖြည့်ပေးကြောင်း ကြွက်များနှင့် စမ်းသပ်ရာ တွင် တွေ့ရှိခဲ့သည်ဟု Cell Stem Cell ဂျာနယ်၌ ဖော်ပြ ထားသည်။
အစာမစားချိန်တွင် ခန္ဓာကိုယ်စနစ်က စွမ်းအင်ချွေတာရန် ကြိုးစားပြီး မလိုအပ်သော ကိုယ်ခံအား ဆဲလ်များစွာကို ပြန်လည်အသုံးချခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ပျက်စီးတော့မည့် အခြေအနေရှိသော ကိုယ်ခံအားဆဲလ်များကို ပြန်လည်အသုံးချသည်။ အချိန်ကြာအစာမစားဘဲ နေပါက ကြွက်နှင့် လူများ၏ သွေးဖြူဆဲလ်အရေအတွက် ကျဆင်းသွားပြီး အစာပြန်စားချိန်တွင် သွေးဆဲလ်များ ပြန်လည်ပြန်ပေါ်လာ သည်ဟု သုတေသီများ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည်။
အချိန်ကြာ အစာမစားဘဲ နေပါက ခန္ဓာကိုယ်သည် ၎င်းသိုလှောင် ထားသော ဂလူးကို့စ်၊ အဆီနှင့် အော်ဂဲနစ်ဒြပ်ပေါင်းများကို အသုံးပြု ရပြီး သွေးဖြူဆဲလ်အရေအတွက်ကို လျော့ကျသွားစေသည်။ အစာ အကြာကြီး မစားဘဲနေခြင်းမှာ လေယာဉ်တစ်စီးမှ ၀န်ပိုများပို ပစ်ချလိုက်သကဲ့သို့ အကျိုး သက်ရောက်မှု ရှိသည်ဟု ဒေါက်တာ လွန်ဂိုက ပြောသည်။
ကင်ဆာရောဂါကို ဓာတုကုထုံးဖြင့် ကုသ၍ အသက်ရှင်နိုင်သော် လည်း ယင်းကုထုံးကြောင့် ကိုယ်ခံအား စနစ်ကို မရည်ရွယ်ဘဲ သိသိ သာသာ ထိခိုက်ပျက်စီးစေနိုင်သည်။ အစာမစားဘဲနေခြင်းက ဓာတု ကုထုံးကြောင့်ဖြစ်သော အန္တရာယ်ရှိသည့် ထိခိုက်မှုအချို့ကို လျော့ကျသွားစေကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။
သို့သော် ဆေးဘက်ဆိုင်ရာ လေ့လာမှု ပိုလုပ်ရန် လိုအပ်နေဆဲဖြစ်ကာ စားချိန်တစ်ချိန်နှင့်တစ်ချိန်ကြား ကွာဟသည့် အချိန်ကဲ့သို့ အချက်အလက်များကို ဆရာဝန်၏ လမ်းညွှန်ချက်အရသာ လုပ်ဆောင် သင့်ကြောင်း သိရသည်။
—Ref: Internet
7Day News Journal
No.403 Sunday, June 8, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) သန်းခေါင်ယံနဲ့ နံနက် ၄ နာရီကြားမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း ဘာလို့မြင့်သလဲ Acer Aspire E1-510P-2671 Laptop Review စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)