ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
စန္ဒီ on 2014-06-06 11:36
အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကား တော်တော်များများ ရိုက်ကူးလာရသလိုသရုပ်ဆောင်ချက်တွေကလည်း အရင်ကထက် ပိုပြီးပီပီပြင်ပြင် ရှိလာတဲ့ သရုပ်ဆောင်ကတော့ အိချောပိုပါပဲ။ သူမကို လတ်တလော ရိုက်နေတဲ့ဇာတ်ကားအကြောင်းကို မေးဖြစ်ခဲ့တဲ့အခါ သူမက “ ညီမလတ်တလောမှာတော့ ကိုယ့်ရင် ဘတ်ရဲ့တစ်ခြားတစ်ခြမ်း ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ကိုလူမင်းနဲ့ ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ဦးဟိန်းစိုးပါ။ ဒီဇာတ်ကားလေးရဲ့ပုံစံက မှော်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ညီမက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်ဖွင့်တဲ့ သူတစ်ယောက်ပေါ့။ ကိုလူမင်းက ရှေးဟောင်းပစ္စည်းတွေကို သဘောကျလို့ လာလာဝယ်တဲ့ သူတစ်ယောက်ပေါ့။ အဲဒီမှာ Time Machine ဆိုတဲ့ နာရီတစ်လုံးကို တွေ့ပြီး သူက လိုချင်သွားတယ်။ ကိုယ်ကလည်း အဲဒီနာရီလေးကို သဘောကျပြီး အရမ်းမြတ်နိုးတယ်။ ဒါပေမယ့် သူခရီးသွားတော့မယ့် အချိန်မှာ ကိုယ်က လက်ဆောင်အဖြစ် အဲဒီ့နာရီလေးကို ပေးလိုက်တယ်။ နာရီလေးရပြီး ခရီးသွားတုန်း လမ်းမှာ သူကကားအက်ဆီးဒင့်ဖြစ်သွားတယ်။ အဲဒီ့အချိန်မှာ နာရီလေးက အသက်ဝင်သွားပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းကိစ္စတွေဆီကို ပြန်ရောက်သွားပါ တယ်။ အဲဒီလွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ညီမက ကောင်လေးတစ်ယောက်နဲ့ မင်္ဂလာကိစ္စ ပျက်ခဲ့ဖူးတယ်။ အဲဒီလိုမျိုးဇာတ်လမ်းလေးပါ”တဲ့။
ဒီဇာတ်ကားပြီးသွားတဲ့အခါ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအကြောင်းကိုလည်း “ဒီ ကိုယ့်ရင်ဘတ်ရဲ့ တစ်ခြားတစ်ခြမ်း ဇာတ်ကားရိုက်ပြီး သွားရင်တော့ ကိုဟိန်းဝေယံနဲ့ ရိုက်ဖို့ရှိပါမယ်။ အခုနောက်ပိုင်း ညီမဇာတ်ကားလေးတွေကြည့်ရတာ ဇာတ်လမ်းအရ တော်တော်လေး ကောင်းလာတာတွေ့ရတယ်။ အဲဒါကြောင့် ဇာတ်လမ်းရွေးချယ်မှု ကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်သလဲ ဆိုတာကိုတော့ ညီမအနေနဲ့ ဇာတ်လမ်းရွေးချယ်မှုရယ်တော့ မရှိပါဘူး။ ဒီလိုပဲ ကိုယ့်ကိုလာပြီး ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်သွားတာပါ။ ကိုယ်ရိုက်ရမယ့် ဇာတ်လမ်းအပေါ်၊ ကာရိုက်တာပေါ်မူတည်ပြီးတော့ အကောင်းဆုံးဖြစ်ဖို့ ကြိုတင်ပြင်ဆင်ပြီးတော့ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ခဲ့တာပါ။ အဲဒီလို ကြိုးစားခဲ့လို့ ပရိသတ်တွေရဲ့အားပေးမှု၊ သဘောကျတယ်လို့ ကြားရတော့ ညီမလည်း ကြိုးစားရကျိုးနပ်ပါတယ်။ အဲဒီ့အပေါ်မှာ ကျေနပ်အားရမိပါတယ်။ ရှေ့ဆက်ပြီး ညီမရဲ့ ပရိသတ်တွေအတွက် ဒီ့ထက်အများကြီး ကြိုးစားသွားဦးမှာပါ”လို့ သူမက ပြောပြခဲ့ပါတယ်။
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) အသက် ကြီးကြီးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ Kyle Jones (ဓါတ်ပုံ+ဗွီဒီယို) Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ် Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း