တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်


၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

ရန်ကုန်− ၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာအားနည်း မှုကြောင့် အွန်လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။

ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ် မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

‘‘အွန်လိုင်းကနေကြည့်လို့ မရသေးဘူး။ နည်းပညာအဆင့် မမီသေးဘူး။ ပညာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက်မှာလည်း အွန် လိုင်းကနေကြည့်လို့ မရသေးတဲ့အကြောင်း ကြေညာထားပါတယ်၊ တစ်လခွဲ၊ နှစ်လလောက်ကြာမှတင်နိုင်ပါမယ်’’ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့် ကပြော သည်။

ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. moemyanmar.net တွင် ယခု ထုတ်ပြန်မည့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အင်တာနက်တွင် သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည်။

၎င်းဝက်ဘ်ဆိုက်တွင် လွန်ခဲ့သည့် ၂၀၁၂-၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မိမိစာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်တို့ကို ရိုက်ထည့်၍ ရှာဖွေကြည့်ရှုနိုင်သော်လည်း ၂၀၁၃-၁၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်ခြင်းမရှိပေ။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ငါးသိန်းရှစ်သောင်းကျော်ရှိခဲ့ပြီး စာမေပွဲဖြေဆိုရန် ပျက်ကွက်သူ လေးသောင်းကျော်ရှိ ခဲ့ကြောင်းမြန် မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။


7Day News Journal
No.401 Friday, June 6, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...