ဂျပန်နိုင်ငံသားတွေကို အတုယူရမယ်



ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှုနဲ့ အလုပ်ကို ကြိုးစားခြင်း တို့ဟာ အတုယူစရာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံဟာ ကမ္ဘာ့  ထိပ်တန်း နိုင်ငံတွေနဲ့ အတူ ရပ်တည်နေခြင်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှု ကတော့ အလွန် လေးစားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျင်းပ ပြုလုပ်နေတဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဂျပန် ပရိသတ်တွေဟာ စည်းကမ်းရဲ့တန်ဖိုးကို ပြသ သွားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိုင်ဗရီိကို့စ် နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျပန်အသင်းဟာ (၂-၁) ဂိုး နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲဒီ ပွဲစဉ်မှာ ဂျပန်အသင်းဟာ ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ပေးခံလိုက်ရပါတယ်။

ဘရာဇီးမှာ ကျင်းပ ပြုလုပ်နေတဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းကို ဂျပန်နိုင်ငံက ပရိသတ် မြောက်မြားစွာ လာရောက် အားပေးခဲ့ကြ ပါတယ်။ ဂျပန် ပရိသတ်တွေဟာ သူတို့အသင်းကို အော်ဟစ် အားပေးခဲ့ကြပြီး၊ ရိုင်းစိုင်းတဲ့ အပြုအမူတွေ လုံးဝပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ အသင်းရှုံးသည် ဖြစ်စေ၊ နိုင် သည် ဖြစ်စေ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက ဂျပန်ပရိသတ် တွေဟာ ဘောလုံးပြိုင်ပွဲ အပြီးမှာ သူတို့တွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ကိုယ်တိုင် သိမ်းဆည်းသွား ခဲ့ခြင်း ဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲ အတွင်းမှာ သောက်သုံးခဲ့တဲ့ အချိုရည်ဗူးတွေ၊ စားသုံးခဲ့တဲ့ အမှိုက် သရိုက်တွေကို ဂျပန် ပရိသတ်တွေဟာ ပလတ်စတစ် အိတ်ထဲထည့်ပြီး၊ ကိုယ်တိုင် ပြန်လည် သိမ်းယူ သွားခြင်းပဲဖြစ်ပါတယ်။ ဒါကို မီဒီယာတွေက ချီးကျူးရေးသားခဲ့ကြပါတယ်။ ဂျပန်ပရိသတ်တွေရဲ့ အပြုအမူ ကတော့ တကယ့်ကို လေးစားစရာ ကောင်းလွန်းပါတယ်။


The messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...