အလင်းဖြင့်ပြုလုပ်ထားသော သာမိုမီတာ



ကွဲပြားခြားနားသော အလင်းတန်းနှစ်ခုအား Crystalline Disk ၏ ထိပ်ပိုင်းကို ဖြတ်သန်းသွား စေခြင်းဖြင့် ၁ ဒီဂရီလျှင် ၃၀ ဘီလီယံ တိကျမှုရှိသော ကမ္ဘာ့အာရုံခံမှုအကောင်းဆုံး သာမိုမီတာ တစ်ခုအား Adelaide University မှ သုတေသနသမားများက တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရှိရပါသည်။

အနီရောင် နှင့် အစိမ်းရောင် အလင်းတန်းတို့အား ချောမွေ့မှုမြင့်မားသော Crystalline Disk ကို ထိုး လိုက်ခြင်းဖြင့် ၄င်းသာမိုမီတာအား အလုပ်လုပ်စေခြင်းဖြစ်ပါသည်။ Crystal ပေါ်သို့ အလင်းတန်း နှစ်ခု သည် ဖြေးညှင်းသော အရှိန်နှုန်းဖြင့် ဖြတ်သန်းသွားသောအခါ သုတေသနသမားများအနေဖြင့် ၄င်းအ လင်းတန်း တို့၏ ကွဲပြားခြားနားသော အရှိန်နှုန်းကို တိုင်းတာ၍ သာမန်ထက်တိကျမှုပိုသော အပူချိန်နှုန်း ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။

၎င်းသဘောတရားကို Whispering Gallery ဟု ခေါ်ဆိုနိုင်ပြီး အလင်းကိုအခြေခံ၍ ယူဆခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ ယခုတီထွင်မှုသည် သမားရိုးကျ သာမိုမီတာများထက် ၃ ဆ ပိုမို၍ တိကျမှု ရှိကြောင်း ဓာတုနှင့်ရူပကျောင်း၊ IPAS ရှိ Experimental Physics ဥက္ကဋ္ဌ၊ ပါမောက္ခ Andre Luiten က ဆိုပါသည်။ ထို့အပြင် ၄င်းနည်းပညာကို အခြေခံ၍ ဖိအား၊ ရေခိုးရေငွေ့၊ သက်ရောက်မှုအား နှင့် အခြားသော ဓာတုဗေဒဆိုင်ရာ အထူးပြုလုပ်ချင်သော ကိစ္စရပ်များတွင်လည်း အသုံးချသွားနိုင်ရန် လုပ်ဆောင်နေကြ သည်ဟု သိရှိရပါသည်။

“ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ အခြားသောအရာများကို တိုင်းတာချင်သည့်အခါ နေရာတကာသို့ အလွယ် တကူ သယ်ဆောင်သွားနိုင်ရန် အတွက် သေးငယ်ပြီး တိကျမှုပိုမိုပေးနိုင်သော ကိရိယာများကို အသုံးပြု သင့်ပါသည်ဟု ပါမောက္ခ Luiten က ပြောကြားခဲ့ပြီး ယခုတီထွင်မှုအား မိမိအနေဖြင့် ကျေနပ်အားရ လျက်ရှိကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။


Ref:GM
WorldWide(BMSTU)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...