၂၀၁၄ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်



F.A.M.E Education Center မှ အထူးအစီအစဉ် အနေဖြင့် June လတွင် ဖွင့်လှစ်သည့် Diploma in Human Resource Management (IQN) (UK) နှင့် Diploma in Marketing (IQN) (UK) သင်တန်း အတွက် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို Full Scholarship, Half Scholarship နှင့်အထူး Discount များ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းကို ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများကို Full Scholar-ship ၊ ၅ဘာသာ ဂုဏ်ထူးနှင့် ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများကို Half Scholarship ၊ ၃ ဘာသာ ဂုဏ်ထူးနှင့် အောင်မြင်သူများကို ၃၀ ရာခိုင်နှုန်း Discount, ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများကို ၂၀ ရာခိုင်နှုန်း Discount, ၁ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူများကို ၁၀ ရာခိုင်နှုန်း Discount များ ပေးအပ်သွားမည့်အပြင် ဇွန်လ ၂၂ ရက်အထိ ကျောင်းအပ်လာ သူများကိုလည်း ၁၀ ရာခိုင်နှုန်း Discount ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက ဖုန်း-၀၉-၇၃၀၈၁၁၃၁၊ ၀၉-၃၀၃၆၀၆၈၀ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၄) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...