လူ၏ဆီးဖြင့် ကားမောင်းနှင်ရန် တီထွင်



ကိုရီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူ၏ ဆီးမှ ကာဗွန်အက်တမ်များ ထုတ်ယူပြီး ထွက်ရှိ လာသော လျှပ်စစ်ဓါတ်အားဖြင့် ကားများကို မောင်းနှင်ရန် တီထွင်နေပါသည်။ လက်ရှိတွင် ကားများရှိ Fuel Cells များတွင် အသုံးပြုနေသည့် ဈေးကြီးမြင့်သော Platinum ကို လူ၏ အညစ်အကြေးမှ ထွက် ရှိသော ကာဗွန်များဖြင့် အစားထိုးနိုင်မည် ဟု ပညာရှင်များက ပြောပါသည်။

Fuel Cells နည်းပညာသည် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ဓာတ်ပြုခြင်းဖြင့် ဓာတုဗေဒစွမ်းအင်မှ လျှပ်စစ်စွမ်းအင် ရရှိခြင်း ဖြစ်ပါသည်။ ပညာရှင်များက သူတို့၏ နည်းပညာကို ကားများနှင့် နေအိမ်များ တွင် လျှပ်စစ်ဓါတ်အားပေးရန် အနာဂတ်တွင် အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်နေပါသည်။ ကိုရီးယား ပညာရှင်များက ပလက်တီနမ်များနေရာတွင် Carbon များကို အသုံးပြုခြင်းဖြင့် Fuel Cell ၏ ဈေးနှုန်းကို လျှော့ချနိုင်သော်လည်း သူတို့၏ နည်းပညာတွင် အသုံးပြုသည့် Fuel Cell အတွင်းရှိ Catalyst သည် ဈေးနှုန်းကြီးမြင့်သည့် အဓိက စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်နေရပါသည်။

စီမံကိန်းကို ကိုရီးယား တက္ကသိုလ်မှ Jong-Sung Yu က ဦးဆောင်နေပြီး လူ၏ဆီးသည် အခြား အ ကျိုးကျေးဇူးများလည်း ရရှိနိုင်သေးသည်ဟု ပြောပါသည်။ လူ၏ဆီးမှ ကာဗွန်ထုတ်လုပ်နိုင်သကဲ့သို့ ဘက်ထရီနည်းပညာတွင်လည်း အသုံးပြုနိုင်သည်ဟု သိရပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူ၏ဆီးဖြင့် နေအိမ်ကို လျှပ်စစ်ဓါတ်အားပေးနိုင်မည်ဖြစ်သဖြင့် အကျိုးကျေးဇူး များစွာရရှိမည်ဖြစ်သည်။ ဗြိတိန် သိပ္ပံပညာရှင်များက လူ၏ဆီးဖြင့် ဖုန်းကို အားသွင်းနိုင်ကြောင်း သက်သေပြသခဲ့ပြီး ဖြစ်ပါသည်။ သူတို့၏ နည်းပညာကို နေအိမ်များအတွက် လုံလောက်သည့် လျှပ်စစ် ဓါတ်အားထုတ်လုပ်ပေးနိုင်ရန် ဆက်လက်တီထွင်နေပါသည်။ သူတို့၏ စီမံကိန်းကို Melinda and Bill Gates Foundation က ငွေကြေးထောက်ပံ့နေပါသည်။ Bill Gates က နေအိမ်များတွင် လူများစွန့်ပစ် သည့် ဆီးများဖြင့် နေအိမ်ကို လျှပ်စစ်ဓါတ်အားပေးရန် ရည်ရွယ်နေပါသည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...