အမေရိကန် စစ်တပ် က Spider Man ကို တီထွင်နေ



အမေရိကန် စစ်တပ်ရဲ့ အဆင့်မြင့် သုတေသန အေဂျင်စီ DARPA က စစ်သားများ စစ်မြေပြင်ရှိ ဒေါင် လိုက် နံရံများကို တွယ်ကပ်တက်လို့ ရမယ့် အထောက်အကူပြု ကိရိယာကို တီထွင်နေပြီး အဆိုပါ စီမံ ကိန်း ကို “Z-Man” လို့ အမည်ပေးထားပါတယ်။ ကျွမ်းကျင်သူများ က အမေရိကန်စစ်တပ် ဟာ Spider Man ကို တီထွင်နေတယ်လို့ သုံးသပ်ပါတယ်။

ပေါင်ငါးဆယ် အလေးချိန်ရှိတဲ့ ပစ္စည်းများကို သယ်ဆောင်ထားတဲ့ ၂၁၈ ပေါင် ကိုယ်အလေးချိန်ရှိသူဟာ ၂၅ ပေအမြင့်ရှိတဲ့ ဒေါင်လိုက်နံရံကို တွယ်ကပ်တက်နိုင်တယ်လို့ အေဂျင်စီက ပြောပါတယ်။ အမေရိကန် စစ်တပ် ဟာ Spider Man နဲ့ တောက်တဲ့များ ရဲ့ ဒီဇိုင်းကို ပုံဖမ်းထားတာလည်း ဖြစ်ပါတယ်။

ပထမဆုံး Z-Man ကို စမ်းသပ်အောင်မြင်ရင် DARPA က သူ့ရဲ့ တောက်တဲ့ တွေရဲ့လက်လို နံရံများမှာ ကပ်နိုင်တဲ့ Geckskin နည်းပညာ ကို အများပြည်သူကို ပြသမှာ ဖြစ်ပါတယ်။ Geckskin ဟာ ဖန်တွေလို ချောမွတ်တဲ့ မျက်နှာပြင် အပါအ၀င် ပုံသဏ္ဍာန်မျိုးစုံရှိတဲ့ ပစ္စည်းများရဲ့ မျက်နှာပြင်များ ၊ ကြမ်းတမ်းတဲ့ မျက်နှာပြင်များ ကို တွယ်ကပ်နိုင်ပါတယ်။

အစောပိုင်းစမ်းသပ်ချက်များအရ Geckskin တပ်ဆင်ထားတဲ့ ပေါင် ၆၆၀ အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခု ဟာ ဖန်မျက်နှာပြင်မှာ တွယ်ကပ်နိုင်ပါတယ်။

ကြုံတွေ့ရတဲ့ စိန်ခေါ်မှုမှာ ဇီဝဗေဒ နဲ့ Physics ကို ပေါင်းစပ် နိုင်မှုဖြစ်ပါတယ်လို့ DARPA မှ စီမံကိန်း မန်နေဂျာ Matt Goodman က ပြောပါတယ်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...