အချိန်မတိုင်မီ စောမွေးခြင်းကို ကြိုတင်ခန့်မှန်းနိုင်မယ့် သွေးစစ်ဆေးမှုတစ်မျိုး


Health Updates Journal No. 120

အမျိုးသမီးများဟာ အချိန်မတိုင်မီစောမွေးခြင်း၊ ကလေးမွေးဖွားလို၍ မဟုတ်ဘဲ ဗိုက်နာခြင်းတွေကြောင့် ဆေးရုံကို မလိုအပ်ဘဲ ကြိုတင်တက် ရောက်ရတဲ့အပြင် မိခင်ရောကလေးပါ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နိုင်ပါ တယ်။ ဆေးပညာသတင်းတစ်ပုဒ်မှာတော့ အဆိုပါပြဿနာတွေကို လျော့ပါးစေနိုင်ဖို့အတွက် အချိန်မတိုင်မီ စောမွေးခြင်းကို ခန့်မှန်းနိုင်တဲ့ သွေးစစ်ဆေးမှုတစ်ခု ပေါ်ပေါက်လာကြောင်းကို ဖော်ပြ ထားပါတယ်။

““ဒီသွေးစစ်ဆေးမှုဟာ ကလေးမွေးဖွားလို့ ဗိုက်နာတာလား အခြား အကြောင်းကြောင့်လားဆိုတဲ့ အချက်ကို ခွဲခြားပေးနိုင်တဲ့အပြင် အချိန် မတိုင်မီ စောမွေးနိုင်ချေရှိမရှိကိုလည်း ခန့်မှန်းနိုင်ပါတယ်။ ဒါကိုလေ့လာမှုမှာပါဝင်တဲ့ ကိုယ်ဝန်ဆောင် ၇၀ ရာခိုင် နှုန်းကျော်မှာ မှန်ကန်ကြောင်း သက်သေပြနိုင် ခဲ့ပါတယ်”” လို့ ကနေဒါနိုင်ငံ၊ ဆိုင်နိုင်းတောင်ဆေးရုံကြီးမှာ ပါမောက္ခ Stephen Lye က ပြောကြားခဲ့ ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ FN,fetal fibronecti စစ်ဆေးမှုဟာ မှားယွင်းပြီးတော့ အမှန်ပြနိုင်ချေများ လာတာကြောင့် ယခုသွေးစစ်ဆေးမှုကို တီထွင်ခဲ့တာလည်း ဖြစ်ပါတယ်။

သွေးစစ်ဆေးမှုဟာ ၄၈ နာရီအတွင်း အချိန်မတိုင်မီ စောမွေးခြင်းကို ဖော်ထုတ်နိုင်မှာဖြစ်တဲ့အတွက် လို အပ်တဲ့ ကုသမှုတွေကို ကြိုတင်ပြင်ဆင် နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာကိုယ်ဝန် ဆောင်အမျိုးသမီးရဲ့ မျိုးဗီဇ များကို အခြေခံပြီး တွက်ချက်တာဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Journal Plos-One မှာ ဖော်ပြထားပါတယ်။


သက်နှင်း
ref; IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...