ပြောင်းရင် ကောင်းမလား မကောင်းဘူးလား တွက်နည်း

ဒီတစ်ခါတော့ လူတိုင်းနဲ့စိတ်ဝင်စားမယ့် တွက်နည်းလေးဖြစ်တဲ့ အိမ်ပြောင်းရွှေ့၊ နေရာအပြောင်းအရွှေ့ သင့် မသင့် တွက်ချက်တဲ့နည်းလေးပါ။အဲဒီနည်းက တွက်လိုတဲ့ လူရဲ့ အသက်ကို တည်ရမယ်။ လေးနဲ့ မြှောက်ရမယ်။ ကိုးနှင့် စားပြီး အကြွင်းအတိုင်း အောက်မှာဖော်ပြထားတယ်။
(၁)ကြွင်းရင်....
အပြောင်းအလဲ ပြုသင့်တယ်။ ပထမနေရာထက် ပိုမို၍ လမ်းကြောင်းသစ်များသို့ ဦးတည်နိုင်တယ်။ တ ကယ်လို့ အပြောင်းအလဲ လုပ်မယ်ဆိုရင် အခုနေတဲ့နေရာကနေ တောင်အရပ်ဘက်မှတစ်ပါး မည် သည့်နေရာမဆို ပြောင်းရွေ့နိုင်တယ်။ အနောက်အရပ် ၊ အနောက်တောင်အရပ် မြောက်အရပ်တို့ကို ပြောင်းက အထူး ကောင်းတယ်။ အပြောင်းအလဲ မလုပ်လိုသူများကတော့ လက်ရှိလုပ်ငန်းကို ပုံစံ အနည်းငယ် ပြောင်းပြီး ဆက်စံရသော ၀န်းကျင်နှင့် လမ်းကြောင်းသစ် ပြောင်းလဲ လုပ်ကိုင်ပါ။
(၂)..ကြွင်းသော် ...
အခြေအနေကို ကြည့်ရှု့ အပြောင်းအလဲ လုပ်ရမယ်လို့ ဆိုထားတယ်။ လူမျိုးခြား၊ လူမျိုးကွဲများနှင့် ဆက်နွယ်သော နေရာသို့ ပြောင်းရွေ့ခြင်း ပြုနိုင်သည်။ လက်ရှိရောက်နေသော အရပ်ကနေ အနောက်တောင် အရပ်မှတပါး မည်သည့်နေရာကိုမဆို ပြောင်းရွေ့နိုင်ပါတယ်။ အရှေ့အရပ် ၊ အနောက် အရပ် ၊ အနောက် မြောက်အရပ်ကို ပြောင်းမယ်ဆိုရင် အရမ်းကောင်းတယ်။ အပြောင်းအလဲ တစ်စုံ တစ်ရာ မလုပ်လိုသူများက မိမိနေအိမ်၊ နေရာထိုင်ခင်း ၊ ပရိဘောဂပစ္စည်းတွေကို အထားအသို အနည်း ငယ် ပြောင်းလဲလိုက်မယ်ဆိုရင် ပိုမိုကောင်းမွန် သွားနိုင်ပါတယ်။
(၃)ကြွင်းသော်....
ပြောင်းချင်သည်ဖြစ်စေ မပြောင်းချင်သည်ဖြစ်စေ အပြောင်းအလဲ ပြုဖြစ်အောင်ပြုပါ။ မည်သည် အရပ်ဒေသကို မဆို ပြောင်းနိုင်သည်.။ ရွေ့ပြောင်းနိုင်လေ အကျိုးပေးလေ ဖြစ်၏။ ငွေကြေးရေးရာ ၊ စီးပွားရေးဆိုင်ရာများတွင် ထင်ထင်ရှားရှား တိုးတက်မည်။ အခိုင်းအမာ ရရှိမည်။ ထူးခြားသော အကျိုး ခံစားရမည်။
(၄)ကြွင်းသော်....
အပြောင်းအလဲပြုလိုသော သင်၏ စိတ်ကူးကို ပြန်လည် သုံးသတ်သင့်တယ်။ စဉ်းစားသင့်တယ်။ အသေးစား အပြောင်းအလဲ ပြုသင့်သည်။ ဆက်ဆံသော ၀န်းကျင် ၊ ဆက်ဆံရသော သူများအကြား ၊ အပြောင်းအလဲ ကြုံကာ ကိုယ်တိုင် ပြောင်းလဲရန် မသင့်၊ လုပ်ငန်းတွင်လည်း အသစ်အဆန်း တိုးချဲ့ခြင်း ထက် ရှိရင်းစွဲ လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်ပါ။
(၅)ကြွင်းသော်...
အပြောင်းအလဲ လုပ်ရန် လုံးဝ မသင့်တော်ပါ။ ခက်ခဲသော ပြဿနာတစ်ခုခု ဖြေရှင်းရမည်။ အပြောင်းအလဲပြုက ပြဿနာနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်က အကျိုးပေးမည်။ မိမိ လိုအင် ဆန္ဒ အလုံးစုံကို အေးအေးချမ်းချမ်း ဆောင်ရွက်သင့်သည်။ ပြောင်းလဲလိုစိတ် ခေတ္တဆိုင်းငံ့ထားပါ။
(၆)ကြွင်းသော်....
အပြောင်းအလဲပြုရန် လုံးဝမသင့်ပါ။လက်ရှိနေရာ လက်ရှိလုပ်ငန်းတွင် အကျိုးပေးမည်။ ဆန္ဒရှိသလောက် တိုးတက်မှု့ အလုံးစုံရမည်။ ပြောင်းလဲလိုစိတ်ရှိက ချုပ်တည်းပါ။ ရှိရင်းစွဲ အနေအထားမှ တိုးတက်မှု့ကို အချိန်မရွေး ရရှိမည်။ ငွေရေးကြေးရေး ကိစ္စ ၊ စီးပွားရေးရာများကို အပြောင်းအလဲ မပြုက ပိုမိုအဆင်ပြေ မည်။
(၇)ကြွင်းသော်...
ရန်နှင့် အတိုက်အခံမရှိပါက အပြောင်းအလဲ မပြုပါနှင့် ။ မနာလိုအတိုက်အခံရှိက ပြောင်းလဲပါ။ ပြောင်း လဲခြင်း နောက်ကွယ်မှ ထူးခြားသော တိုးတက်မှု့ ရရှိမည်။ ရှိရင်းစွဲအနေအထားမှ ပိုမိုမြင့်မားခြင်း ကြုံရ မည်။ ၇န်အနှောက်အယှက်များ ကြုံကလည်းကောင်း ၊ အတိုက်အခံများ ကြုံပါကလည်းကောင်း ယခုနေရာမှ မြောက်အရပ်မှတစ်ပါး အခြားသော အရပ်များသို့ ပြောင်းလဲနိုင်သည်။
(၈)ကြွင်းသော်...
ကိုယ့်ဆန္ဒနှင့်ကိုယ် အပြောင်းအလဲပြုရန် မသင့်။ ဖြစ်ပေါ်လာသည့် အခြေအနေကို ကြည့်၍ သုံးသတ် နိုင်သည်။ မပြောင်းမဖြစ် ပြောင်းရမည်ဟူသော အမိန့်ကြုံက မည်သည့်အရပ်ကိုမဆို ပြောင်းနိုင်သည်။ လုပ်ကိုင်သည့် လုပ်ငန်း ပြောင်းရန်မလို။ ဆက်ဆံရသော ၀န်းကျင်ပြောင်းလဲ၍ ရသည်။
(၀)ကြွင်းသော်.....
ကိုယ်အလိုရှိသော နေရာရှိက ပြောင်းပါ။ အကြီးအကဲများထံ ချဉ်းကပ်၍ ပြောဆိုက အောင်မြင်မည်။ အလိုရှိရာ နေရာသို့ မရပါက ပြောင်းရန်မသင့်။ အပြောင်းအလဲပြုခြင်းထက် အရပ်တစ်ပါးသို့ ခရီးသွား ပါက ထူးခြားသော အကျိုးဆက်ရမည်။ လူသစ် ၀န်းကျင်သစ်များနှင့် ဆက်ဆံက ပို၍အကျိုးရှိမည်။
၇ရက်သားသမီးများ အပြောင်းအရွှေ့တွေမှာ အဆင်ပြေကြပါစေ။
မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)