နင်စေရင် ဇာတ်ကားမှာ ထိုက်တန်တဲ့ ကြိုးစားမှုနဲ့ ညီတဲ့ရလဒ်တွေ ရစေချင်တယ်ဆိုတဲ့ ဒါရိုက်တာဝိုင်း

ဒါရိုက်တာဝိုင်း က “နင်စေရင်” ရုပ်ရှင်ဇာတ်ကား နဲ့ပတ်သက်ပြီး ဇာတ်လမ်း တင်ပြပုံတွေအပြင် ဇာတ် ညွှန်းကပါ အရေးကြီးတဲ့ အတွက် ပြင်ဆင်ထားပြီးမှ ရိုက်ကူးထား တယ် လို့ ပြောပြပါတယ်။ ရိုက် ကူးဖြစ်ခဲ့ တာတွေ နဲ့ပတ်သက် ပြီးလည်း..
“ဒီဇာတ်ကား မရိုက်ခင် လိုချင် တဲ့ပုံစံတွေ အဝတ်အစားတွေက အစ ဘယ်လို လုပ်မလဲ ဆိုတာ ဆွေး နွေးတယ်။ အဲဒီပြင်ဆင်မှု အား ကောင်း လို့သာလျှင် အခုလို ပီပြင် တယ် လို့ ထင်ပါတယ်။ အဓိကက ဇာတ်ညွှန်း ပိုင်းဆိုင်ရာ နည်း ဗျူဟာမှာ ဇာတ် လမ်းကြီး ကို ရိုးရိုးစင်းစင်းပြတာ ထက် ဒီလို တင်ပြ ပုံလေး ပြောင်းထား တာပါ။ အစ်ကို တို့နိုင်ငံ မှာ ဒီဇာတ် လမ်းနည်းဗျူဟာ က တအားအရေး ကြီးလာပါပြီ ။ပရိသတ်က ဇာတ်လမ်း တွေကောင်းပေမယ့် တင်ပြပုံ ရိုးစင်း တဲ့အတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှု ကျဆင်းလာတယ် လို့ထင်တယ်။ ဒီကားကို ရိုက် ကတည်းက ကျေနပ်မိ တယ်။ ကစ်ကစ်ဆို မျက် လုံးတွေ မို့ပြီး ငိုတဲ့အထိတောင် လုပ်ရတယ်။ မျက် ရည်အတုတွေ လုပ်ရ တဲ့အခန်း မပါဘူး။ မျက်ရည် ပေါက်ပေါက်ကျ အောင် သရုပ်ဆောင် ထား တာလေ”လို့ ပြောပြပါတယ်။ ဇာတ်ကား အတွက် ကြိုးစား ထားကြ တာကြောင့် ထိုက် တန်တဲ့ ရလဒ် ကိုတော့ ရစေချင် တယ် လို့ ပြောပြတဲ့ ဒါရိုက်တာ ဝိုင်းက..
“တီတီ ကတော့ ထပ်ဆင့် အကယ်ဒမီ မင်းသားတစ်ယောက်ရဲ့ ဂုဏ်ဒြပ်နဲ့ အညီ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တယ် ဆိုတာ တွေ့ရ မှာပါ။ ကစ်ကစ်က ဖွင့်ပြီး လုပ်ရ တော့ သူက လွယ်တယ်။ တီတီက အိုက်တင်ကို ထွက်ပေါက် မရှိအောင် လုပ်ရတဲ့ အတွက် ပိုကျပ်ပါတယ်။ ကိုမင်းဦး ကကျတော့ ပါးပါးလေးနဲ့ လုပ်သွားနိုင်တယ်။ ရက်စက် တတ်တဲ့ မျက်နှာနဲ့ပေါ့။ ကိုမင်းဦးရဲ့ အိုက်တင် ယူထားတဲ့ အချိန်အဆက Standard တစ်ခု ရှိပါတယ်။ အစ်ကိုက သရုပ် ဆောင်က လာတာ ဆိုတော့သူ အိုက် တင် မု(ဒ်)ကို ယူထားတာကို ကောင်း ကောင်း သိတယ်။ အတုယူသင့်တဲ့ သရုပ် ဆောင် တစ်ဦးပါ။ သရုပ် ဆောင်အနေ နဲ့ အကုန်ကောင်းကြပါတယ်။ ဒီနှစ် ကားထဲမှာ ပြေတီဦးနဲ့ ဝတ်မှုံရွှေရည် လောက်လုပ်ရတဲ့ ဇာတ်ကောင်ဆို တာ နည်းမယ်လို့ ထင်ပါတယ်။ လောလော ဆယ် အစ်ကိုကြည့်ပြီးသမျှ ထဲမှာ ပေါ့ လေ။ အစ်ကို ကတော့ အကယ်ဒမီ မပြိုင်ဘူး ဆိုတော့အစ်ကို့ အတွက် မစဉ်းစားပါဘူး။ ကျန် တဲ့သူတွေ အတွက် အကုန်လုံးကိုထိုက် တန်တဲ့ ကြိုးစားမှုနဲ့ ညီတဲ့ရလဒ်တွေ ကိုရစေ ချင်ပါ တယ်” လို့ ပြောပြခဲ့ ပါတယ်။
မေမွန်မောင်
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး
- (အနောကျသို့) တိုက်ကွမ်ဒို ခါးပတ်နက် ရရှိထားသူ မယ်အမေရိက ဆုကို ရယူသွားခဲ့ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင္သားအက်ိတ္မ်ားစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... အရက်နှင့် သုက်ပိုး