တိုက်ကွမ်ဒို ခါးပတ်နက် ရရှိထားသူ မယ်အမေရိက ဆုကို ရယူသွားခဲ့
၂၀၁၄ မယ်အမေရိကဆု ကိုရရှိသွားခဲ့ သူကတော့ နီဗားဒါးပြည်နယ် ကိုယ်စားပြု နီရာဆန်းချက်ဇ် ပဲဖြစ် ပါတယ်။ ထူးခြားတာ့ နီရာဆန်းချက်ဇ်ဟာ တိုက်ကွမ်ဒို ခါးပတ်နက်ကို ရရှိထားခြင်းပဲ ဖြစ်ပါတယ်။ အသက်(၂၄) နှစ်အရွယ်ရှိ နီရာဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ မယ်အမေရိက ပြိုင်ပွဲမှာ ချန်ပီယံသရဖူကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ နီရာဆန်းချက်ဇ်ဟာ (၆၃) ကြိမ်မြောက် မယ်အမေရိကဆုကို ထိုက်တန်စွာ ရယူသွားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မယ် အမေရိကဆု ကိုရရှိသွားခဲ့တဲ့ နီရာဆန်းချက်ဇ်ကို ဒိုင်လူကြီး တွေက ထူးခြားတဲ့ မေးခွန်းတွေကို အံ့အား သင့်ဖွယ်ရာ ကောင်းအောင် ဖြေဆိုသွားနိုင်ခဲ့တာမို့ အမှတ်တွေအများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒိုင်လူကြီး တစ်ဦးက နီရာဆန်းချက်ဇ် ကို လုံခြုံရေး တာဝန်ရှိသူတစ်ဦး အနေနဲ့ ခင်ဗျားကို စုံစမ်းမေးမြန်းမှု တွေပြု လုပ်လာခဲ့ရင် ဘယ်လိုတုံ့ပြန်သွားမလဲလို့ မေးမြန်းခဲ့ပါတယ်။ နီရာဆန်းချက်ဇ်ကလည်း တာဝန် အရ ဆောင်ရွက်ခြင်း ဖြစ်တာမို့ အလွယ်တကူ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။ နောက်ထပ် ဒိုင်လူကြီးတစ်ဦးက အမေရိကန်မှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတဲ့ အမျိုး သမီး (၁၉)ရာခိုင်နှုန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိနေတာမို့ ဘယ်လို ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲလို့ မေးမြန်းခဲ့ပါတယ်။ နီရာဆန်းချက်ဇ် က အမျိုးသမီးတွေအနေနဲ့ ယုံကြည်မှု အပြည့် ထားပြီး ပြဿနာကို ရင်ဆိုင်သွားရန် လိုအပ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မဖြစ်အောင် ကိုယ်ခံပညာကို သင်ယူထားသင့်ကြောင်း၊ ဖြစ်လာတဲ့ပြဿနာကို သည်းခံမနေဘဲ လူသိရှင်ကြား ဖြစ်အောင် ထုတ်ဖော်ပြသ သင့်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။ နီရာဆန်းချက်ဇ်ဟာ မယ်အမေရိက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာမို့ ၂၀၁၄ မယ်စင်္ကြာဝဠာ ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့် ရရှိသွား ခဲ့ပါတယ်။ မယ်အမေရိက ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် (၅၀) စလုံးက အလှမယ်တွေ ၀င်ရောက် ယှဉ်ပြိုင် ခဲ့တယ်လို့ သိရပါတယ်။
- (အရှေ့သို့) နင်စေရင် ဇာတ်ကားမှာ ထိုက်တန်တဲ့ ကြိုးစားမှုနဲ့ ညီတဲ့ရလဒ်တွေ ရစေချင်တယ်ဆိုတဲ့ ဒါရိုက်တာဝိုင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး
- (အနောကျသို့) အိမ်မွေးခွေးနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခြင်း လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး