ဖယောင်းတိုင်မီးကို အသုံးပြုပြီး ဆံပင်ညှပ်ခြင်း


အေသင်အောင်

ဖက်ရှင်မြို့တော် တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နယူးယော့ခ်မြို့က အလှပြင်ဆိုင်တွေမှာ အခု တလော ခေတ်စားနေတာကတော့ ဖယောင်းတိုင်မီးကို အသုံးပြုပြီး ဆံပင်ညှပ်ခြင်း ဖြစ်ပါတယ်။ ဒီနည်း ကို ဗီလာတာရာပီယားလို့လည်း ခေါ်ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဘရာဇီးလ် စူပါမော်ဒယ် ဘာဘာရာဖီယာဟိုက သာမန်ရိုးကျ ဆံပင်ညှပ်ခြင်းကို မပြုလုပ်ဘဲ ဖယောင်းတိုင် မီးနဲ့ ဆံပင်ညှပ်ခြင်းပြု လုပ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့ မော်ဒယ်တွေ ကလည်း ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်မှုကို ပြုလုပ်ခဲ့တာမို့ ဒီနည်းကို အမျိုးသမီးတွေ စမ်းသပ်ဖို့ စိတ်ကူးလာကြပါတယ်။ ဘရာဇီးလ်နိုင်ငံမှာတော့ ဖယောင်းတိုင်မီး နဲ့ ဆံပင်ညှပ်နေတာ ကာလအတော်ကြာနေပြီ ဖြစ်ပါတယ်။ ဆံပင်ကို ချည်နှောင်ပြီး ဖယောင်းတိုင်မီး ရှို့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် ဆံပင်တွေဟာ အလွယ်တကူပြန် ရှင်သန်လာပြီး မကြာခဏ ပြုလုပ်ပေးပါက ကောင်းမွန်တဲ့ ဆံပင်သားကို ရရှိစေမှာ ဖြစ်ပါတယ်။ ၁၉၆၀ ကာလတွေမှာ တောင်အမေရိက ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်လေ့ရှိကြတယ် လို့ သိရပါတယ်။ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်း စတင်ပြုလုပ်သူဟာ စိုးရိမ်မှုတွေ အနည်းငယ်ရှိတတ် ကြပြီး ဆံပင်က ထွက်လာတဲ့ ညှော်နံ့ တွေကြောင့် အနှောင့် အယှက်ဖြစ်တတ်ကြပါတယ်။ ဖယောင်းတိုင် မီးနဲ့ ဆံပင်ညှပ်ခြင်းကို (၁၂) ပတ် တစ်ကြိမ် ပြုလုပ်ပါက ဆံပင်သားတွေ ကောင်းမွန်လာလိမ့်မယ်လို့ ဆိုထား ပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဆံပင်ညှပ်ရာမှာ ကုန်ကျစရိတ် အလွန်များမှာ ဖြစ်ပြီး၊ ဆံပင်အတို၊ အရှည်ကိုမူတည်ပြီး ဒေါ်လာ(၁၅၀)ကနေ (၂၀၀)အထိပေး ရမှာဖြစ်ပါတယ်။ ဘရာဇီးလ်က မော်ဒယ်တွေ ကတော့ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်းကြောင့် ပိုမိုလှပလာတယ်လို့ ယုံကြည်နေကြပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...