ကလေးအသုံးဆောင်ပစ္စည်းများနှင့် အခြားအသုံးဝင်ပုံလေးများ



ရင်သွေးငယ်အတွက် ၀ယ်ထားတဲ့ ရေချိုးဆပ်ပြာ၊ ပေါင်ဒါ နှင့် ဆီ တို့ ဟာ သားသားမီးမီးတို့ အတွက် သာမက၊ ဖေဖေ မေမေ တို့ အတွက်လည်း တော်တော်လေး အသုံးဝင်ပါတယ်။

(၁) Baby shampoo (ခေါ်) ရေချိုးဆပ်ပြာ

ကလေးအတွက် အထူးတလည်ထုတ်လုပ်စီမံထားတဲ့ ဆပ်ပြာဖြစ်တာကြောင့် ဓာတုပစ္စည်းပါဝင်မှု နည်း သလို၊ ဓာတ်တုပျော့တို့ ကိုသာ သုံးစွဲတားခြင်းကြောင့် မိခင်ရဲ့ မိတ်ကပ်ဘရက်ရှ်၊ ရေမြှုပ်၊ ဘီး၊ မျက်ခုံးမွှေး ဘရက်ရှ်၊ တို့ ဖတ်ပုဝါ၊ မိတ်ကပ်ထဲ့ဗူး-ခွက်-တောင်း ...စတာတွေကို ဆေးကြော သန့် စင်ပေးနိုင်ပါတယ်။ ရေဖလား ၁-ခွက်ထဲမှာ ရေဖြည့်၍ Baby shampoo ကို သင့်ရုံထဲ့ကာ လျှော်ဖွတ်သန့် စင်ပေးခြင်းဖြင့် အလှပြင်ပစ္စည်းများပေါ်မှာ ဘက်တီးရီးယားပိုးတွေ ကင်းစင် သွားသလို၊ မိခင်ရဲ့  မျက်နှာ အသားအရေ အတွက်ပါ ဘေးထွက်ဆိုးကျိုး မရှိစေနိုင်ပါဘူး။

(၂) Baby powder (ခေါ်) ကိုယ်လိမ်းပေါင်ဒါ

ကလေးကိုယ်လိမ်းပေါင်ဒါများဟာ ခန္ဓာကိုယ်ပေါ်က ပိုလျှံတဲ့အဆီများနှင့် စိုစွတ်မှုတို့ကို အချိန်တို အတွင်း မှာ စုပ်ယူပစ်နိုင်ရုံသာမက၊ အသားအရေကို သန့် စင်စေကာ၊ အနံ့ဆိုးများကိုလည်း ဖယ်ရှားပေးနိုင် ပါတယ်။ ဒါကြောင့် ရှုးဖိနပ်ဝတ်၍ ခြေထောက် အနံ့ ဆိုးထွက်တတ်တဲ့ ဖေဖေများအတွက် Baby powder က ဖြေရှင်းပေးနိုင်ပါတယ်။ ရှုးဖိနပ်မစီးခင် ခြေချောင်းပေါ်ကို ပေါင် ဒါ ဖြူးး ၍သော်လည်းကောင်း၊ ခြေထောက်အဆီပြန် သက်သာစေဖို့ အတွက် ညအိပ်ယာဝင်ခါနီး မှာ ခြေဖ၀ါးနှင့် ခြေချောင်းများကြား ထဲကို ပေါင်ဒါလိမ်းအိပ်၍သော်လည်းကောင်း အသုံးပြုနိုင်ပါ တယ်။ ဒါတင်မကသေးပါဘူး လမ်းများ များလျှောက်ခြင်း (သို့ မ ဟုတ်) လေ့ကျင့်ခဏ်းလုပ်ခြင်ြးေ ကာင့် ပေါင်ပွန်းတတ်သော ဖေဖေမေမေ တို့ က အဲဒီ ကလေးပေါင်ဒါကို ပေါင်ခြံကြား ထဲသို့  လိမ်းပေးပါ။ ဒါ့ပြင် မျက်တောင်မွှေးအတု သုံးလေ့ရှိတဲ့ မေမေများက၊ ထိုမျက်တောင်တုအပေါ်ကို ကလေးပေါင်ဒါလေး အနည်း ငယ်သုတ်လိမ်း၍ ဘရက်ရှ်ပျော့ပျော့ဖြင့် ပေါင်ဒါမှုန့် တွေကို ခပ်ဖွ ဖွ ပြန်လည်ခြစ်ထုတ်လိုက်ခြင်းအားဖြင့် မျက်တောင် တုပေါ်က ပေါင်ဒါနှင့်အတူ ချွေး အဆီတို့ ပါ သွားပြီးနောက်၊ မျက်တောင်တုလေးဟာ ပကတိအတိုင်း သစ်လွင်သွားပါလိမ့်မယ်။

(၃) Baby oil (ခေါ်) ဆီ

Baby oil ကို ကလေးများအတွက် ခေါင်းလိမ်းဆီအဖြစ်လောက်သာ အသုံးဝင်တယ်လို့  မယူဆသင့်ပါ ဘူး။ မိခင်များ မျက်နှာ ပေါ်မှာ လိမ်းကျံထားတဲ့ မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း ယုံကြည် စိတ်ချစွာ သုံးလို့ ရပါတယ်။ အဲဒီလိုသုံးခြင်းဖြင့် မျက်နှာအစို ဓာတ်ကို ထိန်းညှိပေးခြင်း၊ အသား အရေ နူးညံ့ပျော့ပြောင်းခြင်း၊ ၀င်းမွတ်ခြင်းတို့ ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...