အရေပြားဒဏ်ရာများကို ပဋိဇီဝဆေးမသုံးဘဲ ပိုးသန့်စင်နိုင်မည့် နည်းလမ်းတွေ့ရှိ


Health Updates Journal No. 122

အစားအစာများကို ပိုးမွှားသန့်စင်ရာတွင် အသုံးပြုသည့်နည်းပညာတစ်ခုသည် ဆေးပညာနယ်ပယ်တွင် စိန်ခေါ်မှုကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်သော ပဋိဇီဝဆေးယဉ်ပါးမှုကို ကုစားပေးနိုင်တော့မည် ဖြစ်သည်။

Massachusetts General Hospital (MGH) မှ သုတေသီများသည် အရေပြားအနာဖြစ်စေသည့် ဆေးမ တိုးသော ဘက်တီးရီးယားများကို ဗို့အားမြင့်လျှပ်စစ်စက်ကွင်းများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ ဘက်တီးရီးယားပိုးဖယ်ရှားရာ၌ ယခင်ကထက် အဆ (၁၀၀၀)ကျော်လျော့နည်းအောင် ရှင်းလင်းနိုင်သည်ကို တွေ့ရသည်။

““စဉ်ဆက်မပြတ် လှုပ်ရှားနေတဲ့ လျှပ်စစ်စက်ကွင်း နည်းပညာဟာ ဘက်တီးရီးယား မျိုးစိတ်ပေါင်းများစွာ ကို ပစ်မှတ်ထား သန့်စင်ပေးနိုင်ပြီး ဒဏ်ရာတစ်ခုရဲ့ အရေပြားအထူအတွင်း ထိုးဖောက် ၀င်ရောက်နိုင်ပါ သည်။ အနာပိုးသန့်စင်ဖို့ ပဋိဇီဝဆေးမသုံးတဲ့ နည်းပညာ အသစ်တစ်ခု ရရှိ လာပြီ ဖြစ်ပါတယ်””ဟု သုတေသီ Alexandar Goldberg ကဆိုသည်။

အမေရိကန်နိုင်ငံတွင် လူ (၅၀၀၀၀၀)ခန့် အရေပြားလောင်ဒဏ်ရာကြောင့် နှစ်စဉ် ဆေးကုသမှု ခံယူရ သည်။ အရေပြား လောင်ကျွမ်းမှု ကုသရာတွင် လောင်ထားသည့် အလွှာများ ဖယ်ရှားခြင်း၊ အရေပြား အစားထိုးခြင်း၊ ပိုးသတ်ဆေးလိမ်းခြင်း၊ ပိုးသတ်စကာ အုပ်ခြင်းတို့ကို ပြုလုပ်ပေးရသည်။

ဆေးမထိုး သည့် ဘက်တီးရီးယား ဖြစ်ကြသော Acinetobacter baumannii နှင့် Staphy lococcus aureus တို့သည် ဆေးမသုံးသည့် နည်း လမ်းတစ်မျိုးဖြင့် ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်သည်။

လျှပ်စစ်စက်ကွင်း နည်းပညာကို အစားအစာ ဘက်တီးရီးယား သန့်စင်ရန် ဆယ်စုနှစ်များစွာ အသုံးပြု ခဲ့ကြပြီး ယခုအခါ အရေပြားပိုးသန့်စင် နိုင်ကြောင်းကို ကြွက်များ၌ စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 


သီဟ
ref; NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...