စတီးရွိုက်အန္တရာယ်နှင့် အော်တစ်ဇင်ကလေး

Health Updates Journal No. 122
University of Cambride နှင့် Staten Serum Institute တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့သော လေ့လာမှု အရ ဉာဏ်ရည်မပြည့်မီသော ကလေး (Autism) များ မွေးဖွားလာရခြင်းမှာ မိခင်၏၀မ်းတွင်း၌ စတီးရွိုက်ဟော်မုန်းများနှင့် ထိတွေ့ခဲ့မှုများခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ရှိမှုကပင် အဘယ်ကြောင့် အော်တစ်ဇင်ကလေးများတွင် ယောက်ျားလေးများ ပိုများရသည့် အကြောင်းကို ရှင်းပြနိုင်ခဲ့သည်။ လေ့လာမှုတွင် ၁၉၉၃ နှင့် ၁၉၉၉ ကြား ဇီဝဘဏ်များတွင် ကိုယ်ဝန် ၁၅ပတ်မှ ၁၆ပတ်ကြား ရေမွှာရည် (amniotic fluid) နမူနာ သိမ်းထားခဲ့ကြသော မိခင်လောင်းများ၏ ရေမွှာရည်ကို စမ်းသပ်ခဲ့ ကြသည်။ ယင်းကိုယ်ဝန်ကာလ ၁၅ပတ်နှင့် ၁၆ပတ် လိင်ပိုင်းဆိုင်ရာ ကွဲပြားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် အရေးပါသော ကာလတစ်ခုဖြစ် သည်။
လေ့လာသူများက သိမ်းဆည်း ထားသော ရေမွှာရည်များမှ အော်တစ်ဇင်ကလေး ၁၂၈ ဦး၏ ရေမွှာရည် ကို လေ့လာခဲ့ကြသည်။ ထိုအခါ စတီးရွိုက်ဟော်မုန်းများတွင် အပါအ၀င်ဖြစ်သည့် လိင်ပိုင်းဆိုင်ရာ စတီးရွိုက်ဖြစ်သော အမျိုးသား ဟော်မုန်း testosterone နှင့် အခြား စတီးရွိုက်တစ်မျိုးဖြစ်သော cortisal တို့သည် အော်တစ်ဇင်ကလေး များ၏ ရေမွှာရည်တွင် သာမန်ထက်ပိုမို မြင့်မားနေကြောင်း တွေ့ရသည်။ ထို့ကြောင့် လေ့လာသူများက ကိုယ်ဝန် ဆောင်စဉ်မှ ၁၅ ပတ်အတွင်းမှာ အော်တစ်ဇင်ကလေး မွေး လာနိုင်သည့် အရေးကြီးသော ကာလအပိုင်းအခြားဖြစ်ပြီး ကူညီစောင့်ရှောက်ကြရန် အကြံပြုခဲ့သည်။
အ၀င်း
ref: Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)