အစာအိမ်၊ အူလမ်းကြောင်း သွေးယိုစီးခြင်း



ကိုယ်တွင်းအင်္ဂါဖြစ်သော အစာအိမ် နှင့် အူလမ်းကြောင်းမှာ သွေးထွက်ပြီး ၀မ်းသွားတဲ့အခါ သွေးများ ပါလာပြီး ပါးစပ်မှ သွေးအန်ခြင်းလည်းဖြစ်ပေါ် လာတက်ပါတယ်။ ၄င်းသွေးယိုစီးခြင်းကြောင့် ထွက် လာတဲ့ သွေးတွေဟာ ၀မ်းသွားရင် အနီရောင် အဖြစ်သော်လည်းကောင်း၊ ကတ္တရာစေးလို မည်းနက်နေ တက်ပါသည်။ အန်လျှင်ကော်ဖီမှုန့် အညိုရောင် အဖြစ်သော်လည်းကောင်း၊ တွေ့ရတက်ပါတယ်။

သွေးယိုစီးခြင်းကြောင့် လူနာဟာ အားနည်းခြင်း၊ ဖြူဖျော့သွားခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်းစတဲ့ ဝေဒနာများကိုလည်းလည်း နောက်ဆက်တွဲအဖြစ် ဆက်လက်ခံစား ရရှိလာပါတယ်။

၎င်းရောဂါများကို နာတာရှည် အစာအိမ်နာရောဂါရှိသူ၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး များ၊ သွေးမခဲစေသော ဆေးသောက်နေသူများတွင် အတွေ့ များကြောင်းနှင့် H.Pylori ပိုးရှိတဲ့သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်များပါတယ် ။

အသက်အရွယ်မရွေးပါ။ အစာရေမျိုမှာ သွေးပြန်ကြောတွေ ထုံးတဲ့ ရောဂါ၊ အစာရေမျို ရောင်းရမ်းခြင်း၊ အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ ရှိသူတွေလည်း ဖြစ်လွယ်ပါသည်။

ဘီပိုးရှိပြီး အရက်ဘီယာ သောက်သုံးသူများတွင် ပိုမိုဆိုးဝါးစွာ ခံစားဖြစ်ပေါ်လာခြင်းကြောင်း အရက် ဘီယာ သောက်သုံးခြင်းကို ရှောင်ရှားပါ။ မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးတွေကို မိမိကိုယ်တိုင် ဝယ်ယူသောက်သုံးခြင်းကိုလည်း ရှောင်သင့်ပါသည်။


Mg Mandalay
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...