ခါကျက်ဥပုံမှန်စားသုံးပေးပါက ဆီးကြိတ်ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်
ခါကျက်ဥ ( ခေါ် ) မုန့် လာဥနီကို ပုံမှန်စားသုံးပေးပါက အမျိုးသားများတွင် ဖြစ်ပွားလေ့ရှိသော ဆီးကြိတ် ကင်ဆာကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်သည်ကို ဗြိတိသျှဆေးသိပ္ပံ သုတေသီတစ်စု မကြာသေးမီက လေ့လာတွေ့ ရှိခဲ့သည် ။
ခါကျက်ဥတွင် ကြွယ်ဝစွာ ပါဝင်သော ဗီတာမင်အေ ဓာတ်က ရီတီနောရစ်အက်ဆစ် ထုတ်ပေးပြီး ဆီးကြိတ်၏ ကျန်းမာရေးကို ပိုမိုကောင်းမွန် အားပြည့်လာစေခြင်းဖြစ်သည်။
ထို့ အတူ ကန်စွန်းဥနှင့် အရွက်ဖားဖား ဟင်းရွက်များသည့်လည်း အလားတူ အာနိသင်ရှိကြောင်း သိရသည်။ news