နေရာမှန်



ကုလားအုတ်အမေကြီးနဲ့ ကုလားအုတ်လေးက လဲလျောင်းနေရင်းနဲ့ ကုလားအုတ်လေးက “အမေ ၊ မေးခွန်းနည်းနည်းမေးလို့ရမလား” ? ၊

အမေကြီးက “ရတာပေါ့ ၊ ဘာသိချင်လို့လဲ ..သား” ?

သားလေးက “သားတို့ ကုလားအုတ်တွေမှာ ဘာဖြစ်လို့ ဘို့တွေရှိနေတာလဲ”

“အမေတို့က သဲကန္တာရထဲမှာနေတဲ့ တိရိစ္ဆာန်တွေ ၊ ဒါကြောင့် ဒီဘို့တွေထဲမှာ ရေကိုသိုလှောင်ထားနိုင်လို့ ရေမရှိလည်း အသက်ရှင်နိုင်တယ်” လို့ အမေကြီးကပြောတယ်။

သားလေးက “ဒါဆိုဘာဖြစ်လို့ သားတို့ခြေထောာက်တွေက ရှည်ပြီး ၊ ခြေချောင်းတွေက ဝိုင်းနေရတာ လဲ”

“သား… ၊ ဒီခြေထောက်တွေက သဲကန္တာရထဲမှာ လမ်းလျှောက်ဖို့အတွက် အသုံးဝင်တယ်။ဒီခြေထောက်တွေကြောင့် ကန္တာရထဲမှာ သူများတွေထက် သွားလာလို့ အဆင်ပြေတာပေါ့” လို့ ဖြေတယ်။

“ကောင်းပြီ ၊ ဒါဆို သားတို့ရဲ့မျက်တောင်တွေက ဘာလို့ရှည်နေရတာလဲ ၊ တခါတလေ မြင်ကွင်းကို အနှောက်အယှက်ဖြစ်တယ်” လို့ သားလေးက ထပ်ပြောတယ်။

“ငါ့သား…၊ ဒီရှည်လျားတဲ့ မျက်တောင်တွေက မင်းမျက်စိတွေထဲကို သဲတွေ လေတွေမဝင်နိုင်အောင် ကာကွယ်ပေးတဲ့ အကာအကွယ်တခုပဲ” လို့ အမေကြီးက ဂုဏ်ယူစွာနဲ့ပြောတယ်။

သားလေးက စဉ်းစားပြီးပြောလိုက်တာက … “သားနားလည်ပြီ ၊ ဘို့ ကကန္တာရထဲသွားတဲ့အချိန် ရေ သိုလှောင်ဖို့ ၊ ခြေထောက်တွေက ကန္တာရထဲလမ်းလျှောက်ဖို့ နဲ့ မျက်တောင်တွေက ကန္တာရထဲရောက် ရင် မျက်လုံးတွေကို ကာကွယ်ပေးနို်င်ဖို့ ၊ ဒါဆို သားတို့က ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလုပ်နေတာလဲဟင်” တဲ့…။
===============

ဒီ story လေးကနေ မှတ်သားလိုက်ရတာက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေ ၊ အရည်အချင်းတွေ ၊ အတွေ့အကြုံတွေဟာ သူ့နေရာမှန်ကိုရောက်မှ အသုံးဝင်နိုင်တယ် ဆိုတာပါပဲ။


(Admin ...နည်းစနစ်ကျကျ အတွေးအခေါ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...