အိုမင်းရင့်ရော်မှုကို ချောင်ထိုးထားနိုင်တဲ့ ဟောလီးဝုဒ်နာမည်ကြီး ၁၀ ဦး


Angel on 2014-06-04 15:11

ဂျုလိုင်လထုတ် Vogue UK ရဲ့ မျက်နှာဖုံးမှာ ပါဝင်လာသူကတော့ ၉၀ခုနှစ်တွေရဲ့ စူပါမော်ဒယ် Christy Turlington ပဲဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂၈ နှစ် က ပထမဦးဆုံးအကြိမ်နဲ့ Vogue မဂ္ဂဇင်းမှာ ပါဝင်ခဲ့တုန်းက ရုပ်ရည်နဲ့ အခုပုံနဲ့ က လုံးဝကွာခြားခြင်းမရှိဘူးလို့ ထင်စရာပါ။ Christy Turlington လိုပဲ နှစ်တွေ ဘယ်လောက်ကြာကြာ အိုမင်းရင့်ရော်ခြင်းမရှိလာဘူးလို့ ထင်ရတဲ့ ဟောလီးဝုဒ်ကြယ်ပွင့်တွေကို ကြည့်ကြည့်ရအောင်။

၁။ Pharrell Williams



Pharrell ဟာ ကလေးဘ၀ထဲက ဒီရုပ်လေးနဲ့ ပဲ လို့ ကျွန်တော်တို့ တွေးကြည့်ရအောင်။ တွေးကြည့်စမ်း ပါ။ ဒီရုပ်နဲ့ ကလေးလေး ။ အိုကေ - တော်ပြီတော်ပြီ - ကိုယ့်ကိုကိုယ် မညှင်းဆဲချင်စမ်းနဲ့ ။

၂။ Gwen Stefani



Hollaback girl သီချင်းအဆိုတော်ရှင်ဟာ အချိန်တွေကြာလာနဲ့ အမျှ ပိုနုပျိုလာသလိုပါပဲ။

၃။ Elijah Wood



ဒီ ငနဲက ကျွန်တော်တို့ ကို တုန်လှုပ်စေခဲ့တာ အမှန်ပဲ။ သူ့ ကို ဇရာကမေ့လျော့ထားတာလား။ မျက်လုံးတွေက အပြာရောင်တောက်နေတုန်း၊ ကြည်လဲ့နေတုန်းပဲ။ သေချာပါတယ် သူ နဲ့ လက်စွပ်ကြား က ချိတ်ဆက်မှုနေမှာပါ။ အော် လုပ်ပြန်ပြီ ကျွန်တော်တို့ သူ့ ကို Frodo နဲ့ မှားပြန်ပြီ။

၎။ Sandra Bullock



၁၃ နှစ်အတွင်းမှာ ဘာမှမပြောင်းလဲသွားပါဘူး။ ဆံပင်ပုံစံကော၊ မိတ်ကပ်အပြင်အဆင်ကော။ အားလုံး မနေ့  တစ်နေ့ ကလိုပါပဲ။

၅။ Jared Leto



ကျွန်တော်တို့ အကြိုက်ဆုံး ဟောလီးဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ Jared Leto ကတော့ တဖြည်းဖြည်း ပိုကြည့်ကောင်းလာပါတယ်။ Jared Leto ရဲ့ မျက်နှာဟာ 1 Direction အဖွဲ့ ဝင်တစ်ယောက်ယောက်ရဲ့ တင်ပါး ထက်တောင် ပိုနူးညံ့တယ်ဆိုတာ လောင်းရဲတယ်။

၆။ Jennifer Lopez



ကောလဟာလတွေကတော့ အခုလို အိုမင်းပျက်စီးမှုမဖြစ်အောင်လို့ သူမကိုယ်သူမ အအေးခံထားတာပါတဲ့။

၇။ Julia Roberts



Julia Roberts ကတော့ အသက် ၄၆နှစ်လို့ တောင် မထင်ရပါဘူး။ ဆံပင်ထူထူနဲ့ တောက်ပတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတုန်းပါပဲ။

၈။ Will Smith



မုတ်ဆိတ်တွေထားလာကလွဲလို့ ရုပ်ရည်ပြောင်းလဲမှုမရှိပါဘူး။ The Fresh Prince of Bel Air ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တုန်းက ရုပ်တိုင်းပါပဲ။

၉။ Halle Berry



Halle Berry ကတော့ ကျွန်တော်တို့ ကို ဆံပင်ပုံစံအလန်း ချပြထားတာ အခုဆို ၂၁ နှစ်ကျော်ပါပြီ။

၁၀။ Sharon Stone



ကဲ Sharon Stone ကိုကြည့်ပါအုန်း။ ဒီမိန်းမ က အသက် ၅၆ နှစ်တဲ့ ပြီးတော့ သူက ကျွန်တော်တို့ အကုန်လုံး ထက်တောင် ပိုလန်းနေသေးတယ်။ ခင်ဗျားး ဘယ်လောက်လန်းလဲဆိုတာ ကျွန်တော်တို့ ဂရုမစိုက်ဘူး၊ ခင်ဗျား Sharon Stone လောက် မလန်းနိုင်ပါဘူးဗျာ။

Ref: Metro.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...