သဘာဝနည်းအတိုင်း အသားအရေ ထိန်းသိမ်းရတာ နှစ်ခြိုက်တယ်လို့ဆိုတဲ့ ရွှေပိုးအိမ်


စန္ဒီ on 2014-06-04 14:26

သရုပ်ဆောင် ရွှေပိုးအိမ်ကို သူ့ရဲ့မျက်နှာမိတ်ကပ် အပြင်အဆင်ပိုင်း၊ အသားအရေ ထိန်းသိမ်းမှု အကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ မေးဖြစ်ခဲ့တဲ့အခါ သူမက “ညီမရဲ့မျက်နှာက တီဗီထဲမှာ ဆိုရင် ကြည့်ရတာ ရင့်သွားစေတယ်လို့ ပရိသတ်တွေက ညီမကို ပြောကြပါတယ်။ အပြင်မှာမျက်နှာလေး က နုနုလေး။ တီဗီထဲမှာတော့ ရင့်တယ်၊ လူကြီးဆန်တယ်ဆိုပြီးတော့ ပြောကြတယ်။ ညီမကံဆိုးတာ တစ်ခုက ဝတာပဲ။ အရင်က တော်တော်လည်း ဝခဲ့ဖူးတဲ့သူဆိုတော့ သူများတွေနဲ့ ယှဉ်လိုက်ရင် လူကြီးပို ဆန်သွားတယ်။ အသားအရေပိုင်းကိုတော့ အရင်က လိုးရှင်းတွေ ဘာတွေ လူးကြည့်သေးတယ်။ အဲဒီလိုတွေ လိမ်းရတာကို ညီမတော့ မကြိုက်ဘူး။ အခုနောက်ပိုင်းမှ နေတအားပူလာတော့ အသားအရေ ကွက်တာ၊ မညီတာတို့၊ အမည်းစက်တွေ ထွက်တာတို့ဖြစ်လာတော့ လိုးရှင်းလူးတာ။ နောက်ပြီး ဆိုင်မှာ သွားပြီး မျက်နှာပေါင်းတင်တာ၊ လုပ်ရတာကို မကြိုက်ဘူး။ ကိုယ့်ဘာသာ ကိုယ် သဘာဝနည်းအတိုင်း လုပ်ရတာပဲ ကြိုက်တယ်။ အိမ်မှာ ကိုယ့်ဘာသာကိုယ် နို့ရည်လူးတယ်။ ပြီးတော့ ဆိတ်နို့ ဝယ်ပြီးလူး တယ်ပေါ့။ အဲဒီလိုနည်းနဲ့ပဲ အသားအရေကို ထိန်းသိမ်းဖြစ်ပါတယ်။ အရင်ကဆိုရင် ကိုယ်က ဘာမှနား မလည်ခဲ့ဘူး။ ဘာပစ္စည်းသုံးလို့ သုံးရမှန်းတောင် မသိခဲ့ပါဘူး။ အခုနောက်ပိုင်း မျက်နှာပေါ်မှာ မိတ်ကပ် မလိမ်းခင် တိုနာအရင် လူးတယ်။ ပြီးတော့ တိုလီမိုလီကထုတ်တဲ့ ဂျယ်လူးဖြစ်တယ်။ ခုနောက်ပိုင်းတော့ အသားအရေပိုင်းကိုပါ အချိန်ပေးပြီး ဂရုစိုက်လာဖြစ်တယ်”လို့ သူမက ပြောပြသွားပါတယ်။

Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...